ဘီလ်ဂိတ်၊ ဂျက်ဘီဇို့စ်၊ အီလွန်မက်စ်၊ အိုဘားမား၊ ဂျိုးဘိုင်ဒင်တို့ရဲ့ တွစ်တာအကောင့်တွေ တိုက်ခိုက်ခံရ

108293754_3286428578067038_7859938122903382198_o.png

Bitcoin ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ ဟက်ကာတွေက အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ ဘီလ်ဂိတ် စတဲ့ ဘီလျံနာတွေအပါအဝင် အမေရိကန်နိုင်ငံက ထင်ပေါ်ကျော်ကြားသူတွေရဲ့ တွစ်တာအကောင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ ကင်းန်းဝက်စ်တို့ရဲ့ တွစ်တာအကောင့်တွေမှာ ဒီဂျစ်တယ်ငွေကြေး လှူဒါန်းမှုလုပ်ဖို့ တောင်းဆိုတဲ့စာသားတွေ ရေးသားခဲ့ပါတယ်။ ” လူတိုင်းက ကျွန်တော့်ကို ပေးလှူဖို့ပြောကြတယ်၊ ခင်ဗျားတို့ဘက်က ဒေါ်လာ ၁၀၀၀ ပို့ပေးရင် ကျွန်တော်က ဒေါ်လာ ၂၀၀၀ ပြန်ပို့ပေးမယ် ” လို့ ဘီလ်ဂိတ်ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။ ဒီဖြစ်ရပ်မှာ တွစ်တာအတွက် တကယ့်ကို ခက်ခဲလွန်းတဲ့နေ့တစ်နေ့ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံစရာကောင်းတဲ့အရာတစ်ခု ဖြစ်ပွားနေတာလို့ တွစ်တာအမှုဆောင်ချုပ် ဂျက်ဒေါ်ဆေးက ပြောပါတယ်။ အစောပိုင်းမှာ တွစ်တာက အပြာရောင်အမှတ်အသား ရရှိထားတဲ့ တရားဝင်အကောင့်တော်တော်များများကို ရေးသားဖော်ပြမှုမလုပ်နိုင်အောင် လုပ်ခဲ့သလို စကားဝှက် ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။ တခြားအကောင့်တချို့ကလည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

Tesla နဲ့ SpaceX ကုမ္ပဏီအမှုဆောင်ချုပ် အီလွန်မက်စ်ရဲ့ တရားဝင်တွစ်တာအကောင့်မှာ မိနစ် ၃၀ အတွင်း သူ့ရဲ့ဒီဂျစ်တယ်ပိုက်ဆံအိတ်(digital wallet)ထဲကို Bitcoin ငွေကြေးပေးပို့ရင် ၂ ဆ ပြန်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ” Covid-19 ကြောင့် ကျွန်တော် သဒ္ဓါတရား ထက်သန်နေတယ်” လို့ ရေးသားထားပြီး Bitcoin လင့်ခ်ပေးထားပါတယ်။ လက်ရှိအချိန်မှာ တွစ်တာကြုံတွေ့နေရတဲ့ အကျပ်အတည်းဟာ တော်တော်ကြီးမားဖွယ်ရှိတယ်လို့ ဘီလ်ဂိတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top