ကြာကြာဝါးမှ ခါးမှန်းသိ

10.7.2020.jpg

ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။

“ကြာကြာဝါးမှ ခါးမှန်းသိ” အခါးအရသာပါတဲ့ အစားအစာတွေကို ကြာရှည်ဝါးလာမှ အခါးအရသာပါမှန်း သိလာရတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ လူတွေရဲ့ သဘာဝက အပေါ်ယံဟန်ဆောင်တတ်ပေမယ့်လည်း အဲ့ဒီဟန်ဆောင်မှုက အမြဲပဲ နဂိုဗိဇကို ဖုန်းကွယ်နိုင်စွမ်း မရှိပါဘူး။ စိတ်တိုတတ်သူက ဘယ်လောက်ပဲ ဟန်ဆောင်ထားပေမယ့်လည်း အချိန်ကြာလာတာနဲ့ သူရဲ့စိတ်တိုတတ်တဲ့ ဗိဇက ပေါ်လာတာပဲဖြစ်ပါတယ်။ လူတစ်ယောက်ကို ခေတ္တခဏ ဆက်ဆံမိတာထက် ကြာရှည်ပေါင်းသင်း ဆက်ဆံမိလာတဲ့အခါ အဲ့ဒီလူရဲ့ အတွင်းစိတ် သဘောကို သိမြင်လာလေပဲဖြစ်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာ ခဏဝါးရုံနဲ့ ခါးမှန်းမသိ၊ “ကြာကြာဝါးမှ ခါးမှန်းသိ” ဆိုပြီးတော့ ခိုင်းနှိုင်းပြောဆိုတာပဲဖြစ်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top