အင်တာနက်သုံးသူတွေကြောင့် ပစ္စည်းပို့သမားရဲ့ အခိုးခံရတဲ့ ဆိုင်ကယ်ပြန်တွေ့

10-7-2020-yyl-014.jpg

စီးပွားရေး ကျပ်တည်းနေတဲ့ကာလမှာ လူတိုင်းလိုလိုက အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားနေကြရတာပါ။ လူတစ်ယောက်ကို ကူညီမပေးနိုင်ဘူးဆိုရင်တောင် သူတို့အသက်ရှင်ရပ်တည်နိုင်မယ့် လမ်းမှာတော့ အနှောင့်အယှက်မပေးသင့်ပါဘူးနော်။ တစ်စုံတစ်ယောက်ရဲ့ဒုက္ခပေးမှုကို အသက်ရှင်နိုင်ဖို့အတွက် အလုပ်လုပ်နေတဲ့ ပစ္စည်းပို့သမားလေး တစ်ယောက်ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ့အလုပ်အတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ ဆိုင်ကယ် အခိုးခံလိုက်ရတာပါပဲ။ ဖိုင်ဇယ်က စားဝတ်နေရေးအတွက် ပစ္စည်းပို့သမားတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီး ဆွံ့အနားမကြားသူလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က မလေးရှားနိုင်ငံရဲ့ Leisure ကုန်တိုက်မှာ ဖိုင်ဇယ်ရဲ့ မော်တော်ဆိုင်ကယ် ပျောက်သွားခဲ့တာဖြစ်ပါတယ်။

Taman Sri Gombak ဆိုတဲ့ဖေ့စ်ဘွတ်ဂရုက ဖိုင်ဇယ် မော်တော်ဆိုင်ကယ်ပျောက်သွားလို့ ဒုက္ခရောက်နေကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။ နောက်ထပ်ဖေ့စ်ဘွတ်ဂရုတစ်ခုဖြစ်တဲ့ Peon JBကလည်း ဖိုင်ဇယ် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ဝယ်နိုင်ဖို့အတွက် ဖိုင်ဇယ်အတွက် ရန်ပုံငွေရှာပေးနေခဲ့ပါတယ်။ မလေးရှားလူမျိုး အင်တာနက်အသုံးပြုသူတွေကလည်း သူတို့တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ပြီး (၂၄) နာရီအတွင်းမှာပဲ ရင်းဂစ် (၁၀၆၈၄.၆၆) စုဆောင်းရမိထားပါတယ်။ အင်တာနက်အသုံးပြုသူတစ်ဦးကလည်း ဖိုင်ဇယ်ရဲ့ ပျောက်နေတဲ့ဆိုင်ကယ်ကို လမ်းဘေးတစ်နေရာကနေ တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့က လာကင်းဆင်ခြေဖုံးရပ်ကွက်ရဲစခန်းမှာ ပြန်ပေးထားခဲ့ပါတယ်။

အဲဒီအင်တာနက်အသုံးပြုသူတစ်ဦးက သူ့ဆိုင်အနီးနားမှာ ဆိုင်ကယ်ကို သော့မပါဘဲနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက အာဏာပိုင်တွေကို သတင်းပေးခဲ့ပြီး Peon JB ဂရုအက်မင်ကိုတောင် သွားပြောပြခဲ့ပါတယ်။ အခုဆိုရင် အင်တာနက် အသုံးပြုသူတွေရဲ့ စုပေါင်းအားနဲ့ ဖိုင်ဇယ်ရဲ့ဆိုင်ကယ်လေးကို ပြန်တွေ့ခဲ့ရုံသာမက ရန်ပုံငွေလည်း စုဆောင်းရမိခဲ့ပါတယ်။ လတ်တလော ဖိုင်ဇယ် ကြုံတွေ့နေရတဲ့ပြဿနာက အင်တာနက်အသုံးပြုသူတွေကြောင့် ပြေလည်သွားခဲ့ပါပြီ။

Ref: WorldofBuzz “OKU Grab Rider’s Motor Gets Stolen, Netizens Raise Funds & Find His Bike For Him”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top