လေ့လာမှတ်သား မြန်မာစကားပုံများ

26.6.2020.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ “တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင်” စကားပုံက ပိုက်ကွန်နဲ့ အသက်မွေးတဲ့တံငါသည်ကို ပိုက်ထိုးနည်း၊ သားကောင်သတ်နေကျ မုဆိုးကို သားကောင်သတ်နည်း သင်ပြနေသလိုမျိုး အရေးအရာတစ်ခုမှာ ကျွမ်းကျင်ထားပြီးတဲ့သူကို လူသိလူတတ်လုပ်နေတာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

“ခင်ဗျားကတော့ အတော်ခက်နေပြီ။ စက်ပြင်စားနေတဲ့သူကိုမှသွားပြီး ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ နဲ့ တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင် သဘောလုပ်နေတယ်”

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top