အတ္တမာနပြိုင်ဆိုင်ခြင်းက ချစ်ခြင်းမေတ္တာတရားကို အဆုံးသတ်သွားစေနိုင်ပါတယ်

boat.jpg

တစ်ခါက ကျွန်းလေးတစ်ကျွန်းပေါ်မှာ ချစ်ခြင်းမေတ္တာ၊ အမုန်းတရား၊ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ အတ္တမာန၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ စိုးရိမ်မှု စတဲ့ စိတ်ခံစားချက်ပါင်းများစွာဟာ အတူတကွနေထိုင်ကြပါတယ်။ ဒီလိုနဲ့နေထိုင်လာရင်း တစ်နေ့မှာတော့ သူတို့နေထိုင်တဲ့ကျွန်းလေးဟာ လေမုန်တိုင်းတစ်ခုတိုက်တာကို ခံရပါတယ်။ လေမုန်တိုင်းကြောင့် ဒီရေတွေတက်လာပြီး ကျွန်းလေးဟာ မြုပ်လုနီးပါးဖြစ်လာတဲ့အခါမှာတော့ “ချစ်ခြင်းမေတ္တာ”ဟာ လှေလေးတစ်စီးကို အမြန်တည်ဆောက်လိုက်ပါတယ်။

လှေလေးပြီးတဲ့အခါမှာတော့ ” ချစ်ခြင်းမေတ္တာ ” ဟာ အပေါင်းအဖော်ဖြစ်သူတွေကို လှေလေးပေါ်အမြန်တက်ဖို့အတွက် လှုံဆော်လိုက်ပါတယ်။ သူငယ်ချင်းတွေအားလုံးကလည်း ကြောက်လန့်တကြား လှေလေးပေါ်ကိုတက်ကြပေမဲ့ ခံစားချက်တစ်ခုကတော့ မြေပြင်ပေါ်မှာ ကျန်ခဲ့လို့နေပါတယ်။ ဘယ်သူဖြစ်သလဲ စစ်ကြည့်လိုက်တဲ့အခါမှာတော့ “အတ္တမာန” ဖြစ်လို့နေပါတယ်။ ဒါကိုသိလိုက်တဲ့ “ချစ်ခြင်းမေတ္တာ”ဟာ လှေပေါ်ကနေအမြန်ဆင်းပြီး သူငယ်ချင်းဖြစ်တဲ့ “အတ္တမာန”ကို လှေပေါ်တက်ဖို့ သွားခေါ်ပါတယ်။

ဒါပေမဲ့ “အတ္တမာန” ဖြစ်သူက ခေါင်းမာစွာနဲ့ပဲ ” ချစ်ခြင်းမေတ္တာ “ရဲ့ လှုံ့ဆော်မှုကိုလက်မခံဘဲ ပေကပ်လို့နေပါတယ်။ လှေပေါ်ကိုရောက်နေတဲ့ သူငယ်ချင်းအဖော်များက ခေါင်းမာတဲ့ “အတ္တမာန” ကိုထားခဲ့ပြီး လှေပေါ်ပြန်တက်လာခဲ့ဖို့ “ချစ်ခြင်းမေတ္တာ”ကို လှမ်းအော်ခေါ်ပေမဲ့ ” သူမပါဘဲနဲ့ ငါမလိုက်နိင်ဘူး။ မင်းတို့ဘာသာ သွားနှင့်ကြတော့” လို့ပြန်လှမ်းပြောလိုက်ပါတယ်။ ခေါ်မရတဲ့အဆုံးမှာတော့ လှေကလေးဟာ တရွေ့ရွေ့နဲ့ ထွက်ခွာသွားပါတော့တယ်။ ဒီရေတွေကလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းမာတဲ့ “အတ္တမာန” နဲ့အတူ ချစ်ခြင်းမေတ္တာပါ အတူတူနှစ်မြုပ်သွားပါတော့တယ်။

ဲကဲ…ဒီအကြောင်းအရာလေးဖတ်ပြီးတော့ စာဖတ်ပရိသတ်ကြီး ဘယ်လိုကောက်ချက်ချမိပါသလဲ။ စာရေးသူတို့နားလည်ထားတဲ့ ချစ်ခြင်းမေတ္တာတရားဟာ တကယ်တော့အေးချမ်းလှပါတယ်။ အေးချမ်းလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ဖန်တီးယူရတာခက်ခဲတယ်ဆိုတာထက် ရေရှည်တည်တန့်နိုင်ဖို့ထိန်းသိမ်းရတာ ပိုပြီးခက်ခဲလှပါတယ်။

ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ သံယောဇဉ်ရှိပါတယ်ပြောပြော တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းမရှိဘူး။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုမထားဘဲ မာနတွေပြိုင်၊ အတ္တတွေပြိုင်နေမယ်ဆိုရင်တော့ ဒီပုံပြင်လေးထဲကအတိုင်း အတ္တမာနကြောင့် အချစ်သေဆုံးသွားရသလိုမျိုး တစ်ဦးနဲ့တစ်ဦး အဆုံးမဲ့ဝေးသွားကြနိင်တာကြောင့် အချစ်တစ်ခုကိုပုံဖော်တဲ့နေရာမှာ အတ္တမာနတွေကို သတိထားဆင်ခြင်နိုင်စေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: ” A Boat for All Feelings ”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top