အိမ်ပေါ်တက်လာသူကို ဧည့်သည်ကောင်းလို့ပင် ထင်မှတ်နေရာမှ တက်လာသူက အိမ်ရှင်ရဲ့ကျောကိုချကာ ငွေတောင်းတဲ့အခါကြမှ ဓားပြမှန်းသိလိုက်ရပြီး အကူအညီ တောင်းရန် နောက်ကျသွားတဲ့အတွက် ဓားပြတိုက်ခံလိုက်ရတယ်လို ဆိုလိုတာဖြစ်ပါတယ်။
အမှား သို့မဟုတ် အန္တရာယ်ကို ပြုပြင်တားဆီး မရလောက်အောင် နောက်ကျကာ နောက်မှ သိမြင်နားလည်တာက ထိခိုက်နစ်နာစေပါတယ်။ အသိနောက် ကျခြင်း၊ အန္တရာယ် ဆိုက်ရောက်လာမှ သတိပြုမိတာ တွေက ကြိုတင်ဆင်ခြင် မသိမြင်တာရဲ့ အပြစ်ဖြစ်တဲ့အတွက် အပြစ်တင်တဲ့ အနေနဲ့သုံးနှုန်းပြောဆိုတဲ့ နေရာမှာသုံးတာပဲဖြစ်ပါတယ်။
Team(ရိုးရာလေး)