ဝေါဟာရများ၏ အဓိပ္ပာယ် (သစ်သီးဝလံ၊ ပန်းမာလ်)

20.7.2019.jpg

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာကတော့ သုံးစွဲနေကျအသုံးအနှုန်းတွေဖြစ်ပေမဲ့ အဓိပ္ပာယ်ကိုအမှတ်တမဲ့ဖြစ်နေတတ်တဲ့ ဝေါဟာရတွေအကြောင်းပဲ ဖြစ်ပါတယ်။

သစ်သီးဝလံ

သစ်သီး ဆိုတာ သစ်ပင်ကြီးငယ်တွေမှာသီးတဲ့အသီး ဖြစ်ပါတယ်။ (ဥပမာ – အုန်း၊ ထန်း၊ မာလကာ၊ သရက်)

ဝလံ ဆိုတာကတော့ နွယ်ပင်ကနေသီးတဲ့အသီးတွေကို ခေါ်တာပါ။ (ဥပမာ – သခွား၊ စပျစ်၊ ဖရဲ)

ပန်းမာလ်

ပန်း ဆိုတာ သစ်ပင်ကြီးငယ်တွေကပွင့်တဲ့အပွင့်တွေဖြစ်ပါတယ်။ (ဥပမာ – နှင်းဆီ၊ စပါယ်၊ သော်က၊ ခွာညို)

မာလ် ဆိုတာကတော့ နွယ်ပင်ကပွင့်တဲ့အပွင့်တွေပါ။ (ဥပမာ- ထားဝယ်မှိုင်း၊ သဇင်၊ တိုက်ပန်း)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top