ဗြောသံကြား တရားနာ

14-8-2020-yyl-007.jpg

ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။ အလှူအတန်းတွေမှာ တရားနာပြီးတဲ့အခါ ဗြောတီးလေ့ဖြစ်ရာ ဗြောတီးသံကြားတိုင်း စိတ်မှန်းနဲ့ ရမ်းဆကာ တရားနာနေတာဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

အကြောင်းအရာ တစ်ခုကို အကျိုး အကြောင်း အပြည့်အစုံ သေချာစွာမသိ မစူးစမ်း မစစ်ဆေးဘဲ စကားစွန်း စကားဖျား ကြားရုံနဲ့ ထင်မိထင်ရာ ဝေဖန်ပြောဆိုခြင်းဖြင့် အလွဲလွဲအချော်ချော် မဟပ်မစပ်ဖြစ်ရတဲ့ အခါမျိုးတွေမှာ ရည်ညွှန်းသုံးနှုန်းပြောဆိုတာပဲဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top