အမေရိကန်နဲ့ရုရှားတို့ နျူကလိယဗုံးများအပြန်အလှန်ကြဲချကြရင် ကမ္ဘာကြီးဘယ်လိုဖြစ် လာ မလဲ

17349092-7363323-image-a-10_1565943775692.jpg

နျူကလိယစစ်ပွဲ

တကယ်လို့ အမေရိကန်နဲ့ ရုရှားတို့ဟာ တစ်ဘက်နဲ့တစ်ဘက် နျူကလိယဗုံးများ အပြန်အလှန် ကြဲချကြရင် ကမ္ဘာကြီးမှာဘာတွေဖြစ်လာမလဲ

တကယ်လို့ အမေရိကန်နဲ့ ရုရှားတို့ဟာ တစ်ဘက်နဲ့တစ်ဘက် နျူကလိယဗုံးများ အပြန်အလှန် ကြဲချကြရင် ကမ္ဘာကြီးမှာဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်က ရာသီဥတု ဆိုင်ရာသိပ္ပံပညာရှင်များက စာတမ်းတစ်ခုရေးသားခဲ့ကြပါတယ်။ ဖြစ်လာမှာကလည်း ကျွန်တော်တို့ထင်ထားသလိုပဲ အတော်လေးကိုဆိုးရွားမယ်ဆိုတာတွေ့ရပါတယ်။

Geophysical Research: Atmospheres ဂျာနယ်မှာဖော်ပြခဲ့တဲ့ သူတို့ရဲ့စာတမ်းအရ ဒီလို တိုက်ခိုက်မှုများဟာ ကမ္ဘာအဝန်း နျူကလိယဆောင်းရာသီများ နှစ်ရှည်လများ ဖြစ်ပေါ်စေ ပါလိမ့်မယ်။ ကျပ်ခိုးမဲတိမ်တိုက်ကြီးများဟာ နျူကလိယစစ်ပွဲဖြစ်ပြီး (၂) ပတ်ခန့်အကြာမှာ ကမ္ဘာတစ်ဝန်းလုံးကိုဖုံးလွှမ်းသွားမှာဖြစ်ပြီး နောက်ထပ်ဆယ်စုနှစ် (၁) ခုတိုင်အောင် လျော့ကျ သွားခြင်းရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းလုံးက နေရာအားလုံးလိုလိုမှာ အပူချိန်ဟာ ပျမ်းမျှအားဖြင့် (၉) ဒီဂရီဆဲလ်စီးယပ်စ်ခန့် လျော့ကျသွားမှာဖြစ်ပြီး အလင်းများပြန်လည်ဝင်ရောက်လာမှုကြောင့် ပုံမှန်အချိန်က အပူချိန်ရဲ့ (၄၀) ရာခိုင်နှုန်းအထိပြန်ရောက်အောင် (၃) နှစ်ခန့်စောင့်ဆိုင်းရမှာ ဖြစ်တယ်လို့ သုတေသီများက သူတို့ရဲ့စာတမ်းအတွင်းမှာ ရေးသားခဲ့ကြပါတယ်။

တင်းမာသောအခြေအနေများ

 

ဒီစာတမ်းဟာ အခုလက်ရှိ အမေရိကန်နဲ့ ရုရှားတို့ကြားဖြစ်ပေါ်နေတဲ့တင်းမာမှုများနဲ့ အတော် လေးသက်ဆိုင်မှုရှိပါတယ်။

အခု သြဂုတ်လအစောပိုင်းတုန်းက အမေရိကန်က ရုရှားတို့ဟာ စစ်အေးကာလက လက်မှတ် ရေးထိုးခဲ့တဲ့ နျူကလိယဆိုင်ရာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့စွပ်စွဲကာ သူလည်း ဒီစာချုပ်ကနေနုတ်ထွက်ကြောင်း အရိပ်အယောင်ပြခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့စနေနေ့တုန်းက အမေရိကန်တို့ဟာ အဆိုပါသဘောတူစာချုပ်အတွင်းမှာ တားမြစ်ထားနိုင်တဲ့ ဒုံးကျည်စမ်းသပ်မှု တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ဒီအပြုအမူဟာ (၂) နိုင်ငံကြား စစ်ရေးဆိုင်ရာတင်းမာမှုများဖြစ်စေတယ်ဆိုပြီး ရုရှားရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဖြစ်သူ Sergei Ryabkov က ဒေသတွင်းသတင်းအေဂျင်စီ Tass နဲ့ အင်တာဗျူးမှာ ပြောကြား ခဲ့ပါတယ်။

ဒီဆူပါပါဝါ (၂) နိုင်ငံက နျူကလိယစစ်ပွဲကို စတင် လိုက်ကြမယ်ဆိုရင် သူတို့ဟာ သူတို့ (၂) နိုင်ငံကို ပျက်စီးသေကြေကြစေရုံသာမက တစ်ကမ္ဘာ လုံးကိုပါ ဒုက္ခရောက်သွားစေမှာဖြစ်

တကယ်လို အခုလိုတင်းမာမှုများကြောင့် ဒီဆူပါပါဝါ (၂) နိုင်ငံက နျူကလိယစစ်ပွဲကို စတင် လိုက်ကြမယ်ဆိုရင် သူတို့ဟာ သူတို့ (၂) နိုင်ငံကို ပျက်စီးသေကြေကြစေရုံသာမက တစ်ကမ္ဘာ လုံးကိုပါ ဒုက္ခရောက်သွားစေမှာဖြစ်တယ်လို့ ဒီစာတမ်းက အခိုင်အမာတင်ပြထားပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top