မလျော်မကန်ဖုန်းဘေလ်ဖြတ်တောက်နေမှုများကို ဖိဖိစီးစီးကိုင်တွယ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌပြော

sim-card-2.jpg

ဆက်သွယ်ရေးကုမ္ဗဏီတွေအနေနဲ့ ဖုန်းဘေလ် မလျော်မကန်ဖြတ်တောက်နေမှုအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာနက ဖိဖိစီးစီးကိုင်တွယ်သင့်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌဦးတီခွန်မြတ်က ယနေ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ယနေ့လွှတ်တော်မှာ အောင်မြေသာစံမဲဆန္ဒနယ်က ဒေါက်တာဦးလှမိုးရဲ့ သုံးစွဲနေသူများအပေါ် စားသုံးသူ အခွင့်အရေးချိုးဖောက်နေတဲ့ဆက်သွယ်ရေးကုမ္ပဏီတွေကို ပြဋ္ဌာန်းပြီးဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေတို့နဲ့ ကြပ်မတ်စစ်ဆေးအရေးယူဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းသုံးသူတွေဆီက ဖုန်းဘေကို မလျော်မကန်ဖြတ်တောက်နေတာဟာ ခိုးမှုမြောက်သလို ကွန်းပလိန်းတက်မှ ငွေပြန်ထည့်ပေးတာဟာလည်း အလွဲသုံးစားမှုမြောက်ကြောင်း သူကပြောပါတယ်။

ဖုန်းဘေလ်မလျော်မကန်ဖြတ်တောက်မှုများကြောင့် တစ်နှစ်ကို ကျပ်ငွေ (၂၅) ဘီလီယံနီးပါး နစ်နာဆုံးရှုံးနေတယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကတော့ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ခွင့်ပြုပေးထားတဲ့ ဝန်ဆောင်ခနှုန်းထား နဲ့ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်နေတာကိုတွေ့ရှိရင် သို့မဟုတ် တိုင်ကြားမှုများရှိလာရင် ဆက်သွယ်ရေးဥပဒေပုဒ်မ (၅၇) နဲ့လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများအရ (၄၁) နည်းဥပဒေခွဲ (က) တို့အရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သက်မှတ်ထားတဲ့နှုန်းထားထက် တကယ်တမ်းအရေးယူလို့မရသေးဘဲ ဥပဒေပြင်ဖို့လုပ်ဆောင်နေတယ်လို့ ယနေ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖုန်းအော်ပရေတာကုမ္ပဏီ (၄) ခုရှိပြီး အမ်ပီတီသုံးစွဲသူ (၂၁) သန်း၊ တယ်လီနောသုံးစွဲသူ (၁၉) သန်း၊ အော်ရီဒူးသုံးစွဲသူ (၁၂) သန်းနဲ့ မိုင်တဲသုံးစွဲသူ (၅) သန်းလောက် ရှိနေပါတယ်။

Ref: ပြည်သူ့လွှတ်တော်
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top