ပြင်ဦးလွင်နဲ့ နောင်ချိုဘက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ တိုက်ပွဲဖြစ်နေ

naungcho01.jpg

ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ နေရာမှာ ဒီနေ့နံနက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်း ၃ ဖွဲ့တို့ တိုက်ခိုက်မှုတွေဖြစ်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။


အခုတိုက်ခိုက်မှုဖြစ်စဉ်တွေက စစ်ရေးမဟာမိတ်ပြုလုပ်ထားကြတဲ့ တအောင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ ဒါကို TNLA သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ခံကလည်း မီဒီယာတွေမှာ အတည်ပြုပြောကြားထားပါတယ်။
ဒီနေ့တိုက်ခိုက်မှုက မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့က သုံးသပ်ထားပေမယ့် TNLA ကတော့ တပ်မတော်က သူတို့ရဲ့ လှုပ်ရှားနယ်မြေအတွင်း ထိုးစစ်ဆင်မှု တွေပြုလုပ်လို့ တိုက်ပွဲပြင်းထန်လာတာဖြစ်တယ်လို့ လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။
ပြင်ဦးလွင်နဲ့ နောက်ချိုဘက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ မှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ လက်နက်ကြီးနဲ့ ပစ်ခေတ်မှုတွေရှိနေတဲ့အတွက် သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေ ရှိနေမှာတော့ အမှန်ပါပဲ။
လက်ရှိအခြေအနေမှာလည်း ပြင်ဦးလွင်နဲ့ နောင်ချိုဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ရိုးရာလေးက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုထိတော့ မရရှိသေးပါဘူး။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top