Marvel ရဲ့ Phase 4 မှာ ပါဝင်သရုပ်ဆောင်မယ့် အာရှအနုပညာရှင်များ

simuliu.jpg

နောက်ထပ် (၂) နှစ်လောက်နေရင် ကျွန်တော်တို့တွေ Marvel က ထွက်လာမယ့် ရုပ်ရှင်ကားတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရတော့မှာပါ။ Marvel ကထွက်ခဲ့သမျှရုပ်ရှင်တွေတိုင်းဟာ တစ်ကားကို ရသတစ်မျိုးစီပေးနိုင်ပြီး ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ အခု Marvel ကို ပရိသတ်တွေ ပိုပြီးအာရုံစိုက်လာစေမှာက နောက်ထွက်လာမယ့်ဇာတ်ကားတွေမှာ အာရှအနုပညာရှင်တွေပါဝင်လာမယ်ဆိုတဲ့ သတင်းပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ခေါင်းဆောင်မင်းသားနေရာမှာ အာရှအနုပညာရှင်တစ်ဦးပါဝင်သရုပ်ဆောင်မယ့် ပထမဆုံးစူပါဟီးရိုးရုပ်ရှင်ကားတစ်ကားကိုစီစဉ်ထားကြောင်း Marvelကြေညာခဲ့ဖူးပါတယ်။ အခုကတော့ အဲဒီအာရှအနုပညာရှင်အပြင် Marvel ရဲ့ Phase 4 မှာ ဟောလိဝုဒ်က နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူပါဝင်လာမယ့် အခြားအာရှအနုပညာရှင်တွေရှိလာပါပြီ။ ဘယ်သူတွေဖြစ်နေမလဲဆိုတာ စာဖတ်ပရိသတ်တွေသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

စီမု လု (Simu Liu)

ကနေဒါ- တရုတ်မင်းသား စီမု လု (Simu Liu) က Marvelရဲ့ စူပါဟီးရိုးရုပ်ရှင်ကား “Shang-Chi And The Lengend of The Ten Rings” မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ အရင်တုန်းက သူဟာ ကနေဒါဟာသရှိုး “Kim’s Convenience” မှာ ပါဝင်ခဲ့သလို အခုနှစ်အစောပိုင်းမှာလည်း “Fresh Off The Boat”ဆိုတဲ့ အမေရိကန်တီဗီစီးရီးတွဲမှာ ပါဝင်ခဲ့ပါတယ်။ အခု စူပါဟီးရိုးဇာတ်ကားကတော့ အဓိကဇာတ်ကောင်အနေနဲ့ပါဝင်မယ့် သူ့ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။

တိုနီ လျန် ချီ ဝေ (Tony Leung Chiu- Wai)

တိုနီ လျန် ချီဝေ ကတော့ အာရှမှာ လူသိအများဆုံးမင်းသားတွေထဲက တစ်ဦးပါ။

သူဟာ Marvel ရဲ့ “Shang-Chi And The Lengend of The Ten Rings”ဇာတ်ကားမှာ စီမု လုနဲ့ အပြိုင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ Marvel ရုပ်ရှင်ကားမှာ တိုနီ လျန် ပါဝင်ရမယ့်သတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ဇနီးက အင်စတာဂရမ်မှာ ဂုဏ်ပြုစကားဆိုထားပါတယ်။ တိုနီ လျန် ပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ Chungking Express (1994), In The Mood for Love (2000), Lust, Caution (2007) တို့ဖြစ်ပါတယ်။

အော့ကွာဖီနာ (Awkwafina)

အာရှ-အမေရိကန်မင်းသမီး အော့ကွာဖီနာ (Awkwafina) ကလည်း “Shang-Chi And The Lengend of The Ten Rings”ဇာတ်ကားမှာ ပါဝင်မှာဖြစ်ပါတယ်။ သူဟာ နာမည်ကြီးရုပ်ရှင်ကားတွေဖြစ်တဲ့ Crazy Rich Asians, Ocean’s 8 တို့မှာပါဝင်ခဲ့ဖူးပြီး ဒစ္စနေးက Live Action အနေနဲ့ ရိုက်ကူးမယ့် “The Little Mermaid” ဇာတ်ကားမှာလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

မာဒုံဆော့ (Ma Dong Seok)

ကိုရီးယားမင်းသား မာဒုံဆော့က Marvelရဲ့ The Eternals ဇာတ်ကားမှာ အင်ဂျလီနာ ဂျိုလီ ( Angelina Jolie)၊ Salma Hayek (ဆယ်လ်မာ ဟေယက်ခ်) တို့နဲ့အတူ ပါဝင်မှာဖြစ်ပါတယ်။ သူဟာ Thor နဲ့ ဟာကျူလီ (Hercules) တို့ကို ယှဉ်ပြီး တိုက်နိုင်တဲ့ စူပါခွန်အားတွေကိုပိုင်ဆိုင်ထားတဲ့ ဟီးရိုး Gilgmesh ဆိုတဲ့ဇာတ်ကောင်နေရာပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

ကူမေးလ် နန်ဂျီယားနီ (Kumail Nanjiani)

ပါကစ္စတန်- အမေရိကန်မင်းသား ကူမေးလ် နန်ဂျီယားနီ (Kumail Nanjiani) ကလည်း “The Eternals” ဇာတ်ကားမှာ ပါဝင်မှာဖြစ်ပါတယ်။ သူဟာ ဟာသသရုပ်ဆောင်မင်းသားနဲ့ စာရေးဆရာတစ်ဦးပါ။ “Silicon Valley” တီဗီစီးရီးမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ဖူးပြီး သူ ရေးတဲ့စာအုပ်တွေနဲ့ လူသိများခဲ့ပါတယ်။ သူ့ဇနီးနဲ့အတူ ရေးသားခဲ့တဲ့ The Big Sick က ၂၀၁၇ခုနှစ်ရဲ့ Academy Awards မှာ Best Original Screenplay ဆုစာရင်းမှာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။

ခလိုးလ် ကျောက် (Chloe Zhao)

တရုတ်အမျိုးသမီးဒါရိုက်တာ Zhao ကလည်း Marvel ရုပ်ရှင်ကားတစ်ကားကို တာဝန်ယူရိုက်ကူးမယ့် ပထမဆုံး အာရှအမျိုးသမီးဒါရိုက်တာဖြစ်လာမှာပါ။ ဆုများစွာကိုလည်းဆွတ်ခူးထားတဲ့ Zhao က “Songs My Brother Taught Me” ဇာတ်ကားနဲ့ လူသိများပြီး အဲဒီဇာတ်ကားက Sundance Film Festival, Cannes Film Festival တို့မြှာပသခွင့်ရခဲ့သလို31st Independent Spirit Awards ရဲ့ Best First Feature ဆုအတွက်ဆန်ကာတင်စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: ENews “Get To Know The Asian Stars Who Just Got Cast in Marvel’s Phase 4”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top