အရေးပေါ်သွားဖွားပြုစုစောင့်ရှောက်မှုမရှိပါက နောက်တစ်လအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင် (၂၅၀) ဦးဝန်းကျင် သေဆုံးနိုင်

112480143__95467327_pregnantmyanmar-၁.jpg

ရန်ကုန်၊ သြဂုတ် (၂)

မြန်မာနိုင်ငံအတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် သင့်တင့်တဲ့ အရေးပေါ်သွားဖွားပြုစုစောင့်ရှောက်မှု မရှိပါက နောက်တစ်လအတွင်းမှာ မိခင် (၂၅၀) ဦးဝန်းကျင် သေဆုံးနိုင်တယ်လို့ UNFPA နဲ့ UN Women တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုယ်ဝန်ဆောင်မိခင် အမျိုးအမီး (၆၈၅,၀၀၀) ကျော်ရှိနေပြီး အသက် (၁၀) နှစ်နဲ့ (၁၉) နှစ်ကြားရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်ပေါင်း (၅) သန်းနီးပါးမှာ ပြည်သူ့ကျန်းမာရေး ထိခိုက်မှု၊ စာသင်နှစ် ဆုံးရှုံးမှုနဲ့ လုံခြုံရေးဆိုင်ရာ တားမြစ်ချက်တွေ၊ အကြောက်တရားတွေကို ဆိုးရွားစွာ ရင်ဆိုင်နေတယ်လို့ ရေးသားထားပါတယ်။

“အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ နှစ်ခုပြိုင် အကျပ်အတည်းရိုက်ခတ်မှုကို အဆိုးရွားဆုံး ခံစားရဖွယ်ရှိပြီး တကိုယ်ရည်တကာယ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေ၊ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေးအုပ်စု၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ၊ ကလေးသူငယ်တွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားသူတွေက ပိုမိုထိခိုက်ခံစားရမှာဖြစ်တယ်” လို့ UNFPA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလက်ရှိအချိန်က မြန်မာနိုင်ငံမှာ Covid-19 တတိယလှိုင်းဖြစ်ပွားနေတာဖြစ်တဲ့အတွက် အမျိုးသမီးတွေက သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်ပြီး သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို အလုပ်အကျွေးပြုနေကြသလို နေမကောင်းတဲ့မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်စောင့်ပြီး ကလေးတွေ နေအိမ်အခြေပြု ပညာသင်ကြားရေး စတဲ့ အရေးပါတဲ့ တာဝန်တွေကိုလည်း ဆက်လက် တာဝန်ယူ လုပ်ဆောင်နေကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- Reuters

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top