ကမ္ဘာ့နံပါတ် (၁) Deodorant အမှတ်တံဆိပ် Rexona အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

4.jpg

နေ့စဉ်နေ့တိုင်းတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသန်းပေါင်းများစွာမှ နှစ်သက်သဘောကျပြီး ယုံကြည်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိ သည့် Unilever သည် ကမ္ဘာ့နံပါတ် (၁) Deodorant အမှတ်တံဆိပ် Rexona အား မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

သုံးစွဲသူများကို စိတ်မပျက်စေသည့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများနှင့် Rexona သည် တီထွင်ဆန်းသစ်သော တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းပညာများဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် အမျိုးသမီးသုံး Advanced Whitening Fresh Rose၊ Advanced Whitening Fresh Lilly၊ Power Dry + Whitening roll-on သုံးမျိုးနှင့် အမျိုးသားသုံး Ice Cool + Anti Stain and Invisible Dry (Black + White) roll-on နှစ်မျိုးတို့ကို ဈေးကွက်အတွင်း ယူဆောင်လာပေးပြီဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သော Rexona roll-on များသည် အလုပ်များပြားရှုပ်ထွေးသည့် လူမှုဘဝတွင် ခေတ်နှင့်အညီ လိုက်လျောညီထွေနေတတ်သော မြန်မာနိုင်ငံရှိ အမျိုးသမီး၊ အမျိုးသားအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပိုမိုဖြူဝင်းသောချိုင်းကြားအသားအရေ နှင့် တစ်နေ့တာလုံး လန်းဆန်းမှုကို ပေးစွမ်းသည်။ Rexona သည် ပုံမှန်လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှုများ၊ ပူပြင်းသောရာသီဥတု၊ ပတ်ဝန်းကျင် နှင့် အခြားသောအကြောင်းအရာများကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်ပြီး အနံ့ဆိုးများထွက်လာသည့် အချိန်များတွင် ချွေးနံ့ဆိုးများမှ အထိရောက်ဆုံးကာကွယ်ပေးပြီး ချိုင်းကြားအသားအရေ ဖြူဝင်းမှုကို ပေးစွမ်းသည့် ၎င်း၏ အရည်အသွေးမြင့်ကုန်ပစ္စည်းများမှတဆင့် သုံးစွဲသူများအား ယုံကြည်မှုမြင့်မားစေကာ မိမိကိုယ်ကို အကောင်းဆုံး ရည်ညွန်းဖော်ထုတ်ပြသစေနိုင်ဖို့ တိုက်တွန်းလျက်ရှိသည်။

Sedona ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Rexona ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနား၏ အငွေ့အသက်သည် Rexona မြန်မာ၏ အမှတ်တံဆိပ်သံတမန် ခန့်အပ်မှုဆိုင်ရာ ထုတ်ပြန်ချက်ကြောင့် ပိုမို စိတ်လှုပ်ရှားစရာကောင်းစေခဲ့သည်။ Rexona အမှတ်တံဆိပ်၏အင်္ဂါရပ်ဖြစ်သော ယုံကြည်ချက်အပြည့်ဖြင့် မိမိကိုယ်ကို အကောင်းဆုံး ရည်ညွှန်းဖော်ထုတ်ပြသခြင်းကို ကိုယ်စားပြုသွားရန် မြန်မာနိုင်ငံ၏ ထိပ်တန်း blogger နှင့် သရုပ်ဆောင် နေခြည်ဦးအား Rexona သံတမန်အဖြစ် ခန့်အပ်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်း blogger နှင့် သရုပ်ဆောင် နေခြည်ဦးအား Rexona သံတမန်အဖြစ် ခန့်အပ်

Rexona အမှတ်တံဆိပ်၏ သံတမန်အဖြစ် လုပ်ဆောင်သွားမည့် နေခြည်ဦးမှ သူမ၏ “နေခြည့်အနေနဲ့ antiperspirant ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအများကြီးထဲကမှ နိုင်ငံတကာအသိအမှတ်ပြု Rexona အမှတ်တံဆိပ်နဲ့ လက်တွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာ ပျော်ရွှင်မိပါ တယ်။ Rexona နဲ့ နေခြည်နဲ့မှာ တူညီတဲ့ ယုံကြည်မှုလေးတစ်ခုလည်းရှိပါတယ်။ အဲ့တာကတော့ နေခြည်အပါအဝင် လူတစ်ယောက်ချင်းစီတိုင်းက ကိုယ့်ကိုကိုယ် ဖော်ထုတ်ပြသတဲ့အခါ ဘယ်လိုအချိန်၊ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ဘယ်အရာကမှ တားဆီးချုပ်နှောင်ထားဖို့ မသင့်ပါဘူး။ နောက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးသဖြင့် ချိုင်းသန့်ရှင်းရေးဆိုတာကို ရေချိုးလိုက်ရင်ရပြီဆိုပြီး တော်တော်များများက လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီချိုင်းကြားအသားအရေညိုမဲပြီး ချွေးနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ယုံကြည်မှုအားနည်းပြီး မလုံမလဲတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် အခုနေခြည်က Rexona နဲ့အတူ အမှတ်တံဆိပ် သံတမန်တစ်ဦးအနေနဲ့ ချိုင်းသန့်ရှင်းရေးကို ဘယ်လိုထိရောက်စွာလုပ်ဆောင်သင့်ကြောင်းနဲ့ ဘဝမှာအကောင်းဆုံးတွေကို ရယူနိုင်ဖို့ ယုံကြည်ချက်က ဘယ်လောက်အရေးပါကြောင်းတွေကို ပြောပြပေးသွားချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Rexona ၏ အဓိက roll-on ဖြစ်သော အမျိုးသမီးသုံး Advanced Whitening Roll-on သဘာဝအသားဖြူပစ္စည်းများ ဖြစ်သော Vitamin E၊ နွယ်ချိုအဆီအနှစ်နှင့် ဂလစ်ဆရင်းတို့ ပါဝင်သောကြောင့် ချိုင်းကြား အသားအရေကို ၃ဆ ပိုမိုဖြူဝင်းစေနိုင်သည်။ နှင်းဆီရနံ့နှင့် လီလီပန်းရနံ့ နှစ်မျိုးဖြင့် ရရှိနိုင်သောကြောင့် တစ်နေကုန်မွှေးရနံ့နှင့် လန်းဆန်းနေစေမှာဖြစ်သည်။ အခြားသော အမျိုးသမီးသုံး Roll-on ဖြစ်သည့် Powder Dry + Whitening Roll-onသည် ပေါင်ဒါကဲ့သို့အထိအတွေ့နှင့် ချိုင်းကိုတစ်နေကုန် ခြောက်သွေ့လန်းဆန်းနေစေမည်ဖြစ်ပြီး Vitamin E ပါဝင်သောကြောင့် ချိုင်းကိုလည်း ပိုဖြူလာစေနိုင်သည်။ အမျိုးသားသုံး Roll-on အမျိုးအစားများဖြစ်သည့် Ice Cool + Anti Stain Roll-on နှင့် Invisible Dry Roll-on များသည် Rexona ၏ မူပိုင် MotionSense™ Techology ကြောင့် သုံးစွဲသူများ လှုပ်ရှားလေ ပိုမိုလန်းဆန်းအေးမြမှုကို ခံစားရစေသည်။ ထို့အပြင် အင်္ကျီများတွင် စွန်းထင်းမှုများမှ ကာကွယ်ပေးနိုင်သည့် နည်းပညာနှင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။

Rexona ၏ အသစ်ထုတ်လုပ်လိုက်သော Roll-on များကို (၅၀) မီလီဘူးဆိုဒ်ဖြင့် နိုင်ငံအနှံ့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး Advanced Whitening Fresh Rose Roll-on ကို (၂၅) မီလီဆိုဒ်ဖြင့်ပါ ဝယ်ယူရရှိနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top