မန္တလေးမြို့မှာ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄နှစ်တာအတွင်း ယာဉ်စက်ယန္တရား အစီး ၃၉၀ ဝယ်ယူစုဆောင်းခဲ့တယ်လို့ ဒေါက်တာရဲလွင် ဖော်ပြ

24-6-2020-yyl-050.jpg

မန္တလေးမြို့မှာ စည်ပင်သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄ နှစ်တာကာလအတွင်း သုံးဘီးအမှိုက်သိမ်းယာဉ် ၁၁၉ စီး အပါအဝင် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၀ ဝယ်ယူပြီးဖြစ်လို့ စည်ပင်အလုပ်တွေ အရှိန်အဟုန်နဲ့ ဆက်လုပ်ဖို့ အင်အားတောင့်တင်းနေပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စွန့်ပစ်အမှိုက် သိမ်းဆည်းပေးနိုင်မှု လွှမ်းခြုံနိုင်တဲ့ ဧရိယာပိုမိုတိုးတက်ကောင်းမွန်စေဖို့ လမ်းကြား လမ်းသွယ်တွေအထိ ဝင်ရောက်နိုင်တဲ့ သုံးဘီးဆိုင်ကယ် အစီး ၂၀၀ ခန့်နဲ့ သိမ်းဆည်းပေးနေတယ်လို့ ရေးသားထားပါတယ်။ ပုံမှန်အရွယ်အစား မိလ္လာယာဉ်တွေ ဝင်ရောက်လို့မရတဲ့ ဝင်းကြားလမ်းတွေ၊ လမ်းကျဉ်းတွေထဲက အိမ်တွေအတွက် ဂါလံ ၅၀၀ဆန့် မိလ္လာယာဉ် ၆ စီးနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အရင်တုန်းက စည်ပင်သာယာလုပ်ငန်းတွေဖြစ်တဲ့ လမ်းဖောက်လုပ်တာ၊ precast မြောင်းတွေ တည်ဆောက်တာ၊ လမ်းမီးတိုင်အသစ်တွေ စိုက်ထူတာ၊ ရေပေးဝေရေးအတွက် ပိုက်အသစ်တွေ ချထားတာ၊ ပိုက်ဟောင်းတွေ ပြုပြင်တာ စတဲ့လုပ်ငန်းတွေအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ငန်းအပ်ခဲ့ရပေမဲ့ ၂၀၁၇ ကစပြီး စည်ပင်ဌာနတွေက ကိုယ်တိုင်လုပ်နိုင်ဖို့အတွက် ၂ဝ၁၆-၁၇ ဘတ်ဂျက်နှစ်ကစပြီး ယာဉ်စက်ယန္တရားတွေကို နှစ်စဉ် စုဆောင်းခဲ့တာလို့ ရေးသားထားပါတယ်။ မန္တလေးမြို့ စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် စည်ပင်က အမြဲအားထုတ်ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

Ref: Ye Lwin

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top