ထမင်း မစားခင် ရေသောက်ပြီး ဝိတ် ၃ ပေါင် ချပေးနိုင်

drinking-water-to-regain-strength-JY5MKQ3.jpg

ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး ဆရာဝန်များရဲ့ စမ်းသပ် ဖော်ထုတ်ချက်အရ ရေသောက်ခြင်းဟာ ဝိတ်ကျစေကြောင်း ဆိုပါတယ်။ ဝိတ်ကျစေရန် သောက်ရန် အညွန်းက ဒီလိုပါ။

ထမင်းစား ခါနီးတိုင်းမှာ 500ml (မီလီလီတာ) ပမာဏ ရှိတဲ့ ဖန်ခွက် တစ်ခွက်စာ ရေကို အရင် သောက်ရန် ဖြစ်ပါတယ်။ ယင်းကဲ့သို့ ရေပမာဏ သောက်ပြီးတော့ ထမင်းစားတဲ့အခါ ၁၂ ပတ် ကြာတော့ ဝိတ်ချတဲ့အခါ ဝိတ်က ၂.၈၇ ပေါင် (၃ပေါင် နီးပါး) ကျတာကို သွားတွေ့ရပါတယ်။

စုစုပေါင်း လူပေါင်း ၄၀ ကျော်ကို ယင်းကဲ့သို့ နေထိုင် စားသောက်ရန် စီမံ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ပျမ်းမျှ ယူထားခြင်းပါ။ အချို့ဆိုရင် ၃ ပေါင်မက ဝိတ်ကျသွားပါတယ်။ အခြား ၄၀ ဦးကိုတော့ ထမင်း မစားခင် ရေ မသောက်စေပဲ စားစေတဲ့အခါ အခြား အားကစားလည်း မလုပ်တာကြောင့် ဝိတ် ပိုတောင် တက်လာ ပါတယ်။

ဒါကြောင့်မို့ ထမင်း မစားခင် ရေတစ်ဖန်ခွက် သောက်ခြင်းဟာ ဝိတ်ကျရန် အင်မတန် အထောက်အကူ ပြုစေပါတယ်။ စုစုပေါင်း ၁၂ ပတ်တာ ကာလအတွင်း ၃ ပေါင်နီးပါး ကျတာကြောင့် ရှေ့ဆက် ဆက်ပြီး သောက်တဲ့ အလေ့အထ ကို ပြုလုပ်ခြင်းကြောင့် ပိုလို့ ကျလာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

Ref: dailymail

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top