ရေအောက်ငါးများ ကြည့်ရှုရင်း ပင်လယ်ပျော် ဖြစ်ခဲ့ရသည့် Koh Samet ကျွန်းခရီးစဉ်

kosamui-09.jpg

Air Asia Myanmar လေကြောင်းလိုင်း၏ ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံရှိ Koh Samet ကျွန်းသို့ သွားရောက် လည်ပတ်ဖြစ်ခဲ့ပါတယ်။

ကျွန်းတလျှောက် ကမ်းခြေမှာ သဲဖြူများဖြင့် ဖွေးဖွေးဖြူနေပြီး ပင်လယ်ရေမှာလည်း စိမ်းမြကြည်လင်လှပါတယ်။

ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ရေအောက်ငါး ကြည့်ရှုရန်အတွက် Speed Boat ဖြင့် ပင်လယ်သို့ ထွက်ခဲ့ကြပါတယ်။

ရေအောက်ငါးမကြည့်ခင် ကျွန်းတစ်ခုတွင် ခဏတာရပ်တန့်ပြီး ရေပေါ်အသက်ရှုကိရိယာဖြင့် အသားကျစေရန် ကမ်းစပ်တွင် မိနစ်၂ဝမျှ လေ့ကျင့်စေပါတယ်။

ကျွန်းပေါ်တွင် ခရုခွံများ ပြန့်ကျဲနေပြီး ပင်လယ်ရေမှာလည်း အလွန်ကြည်လင်လှသဖြင့် ကမ်းစပ်တွင် ကူးခတ်နေသော ငါးအချို့ကို အတိုင်းသားမြင်နေရပါတယ်။ ထို့နောက် ခရီးဆက်ခဲ့ကြပြီး ငါးများပေါများလှသော ပင်လယ်တွင် ရပ်တန့်ခါ အသက်ကယ်ကိရိယာ အပြည့်အစုံဝတ်ဆင်စေပြီးနောက် ပင်လယ်ထဲသို့ ဆင်းစေပါတယ်။ ရေအောက်ရှိ အရောင်အဆင်း အမျိုးမျိုးရှိသော ပင်လယ်နေငါးများ၊ သဘာဝကျောက်တန်းများကြောင့် အသက်ရှုရန်အတွက်တောင် မေ့လျော့ခဲ့ရပါတယ်။ ပင်လယ်ရေအောက်ငါး ကြည့်ရှုရန် အချိန်၃နာရီ ပေးထားသော်လည်း ပျော်ရွှင်အံ့ဩလှသဖြင့် အချိန်ကုန်သည်မှာ မြန်လွန်းသည်ဟု ထင်မှတ်မိပါတယ်။ ရေအောက်ကင်မရာ မပါသွားသည်ကိုလည်း နောင်တရမိပါတယ်။

Koh Samet ကျွန်းသို့ မပြန်ခင် ကျွန်းငယ်တစ်ခုတွင် ရပ်တန့်ခါ အသီးအနှံများကို အမောပြေစားသုံးကြပါသေးတယ်။

ထို့နောက် Koh Samet ကျွန်းသို့ အပြန်ခရီးဆက်ခဲ့ကြပြီး ကမ်းခြေတွင် ခဏတာ လှိုင်းစီးဆော့ကစားကြပါသေးတယ်။

ကမ်းခြေရှိ Sai Kaew Beach Resport တွင် ညစာစားချိန်ထိ အနားယူကြပါတယ်။ ညပိုင်းတွင် သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေများရှုရှိုက်ရင်း အရသာရှိလှသည့် ပင်လယ်စာများ စားသုံးကာ လှပဆန်းကြယ်လှသည့် မီးများဖြင့် ကပြသည့် ဖျော်ဖြေပွဲကို ကြည့်ရှုရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှပါတယ်။

ခရီးစဉ်တလျှောက် အသွားအလာ၊ အစားအသောက်၊ နေရေးထိုင်ရေး အစစအရာရာ ဂရုတစိုက် ကူညီပံ့ပိုးပေးခဲ့တဲ့ Air Asia Myanmar လေကြောင်းလိုင်းကို ကျေးဇူးတင်နှစ်သက်မိပါတယ်။

Sponsored by: Air Asia Myanmar ‪#‎airasiamyanmar‬
Photographer: Chan Myae Ei (Stacy Chan)

Stacy Chan (ရိုးရာလေး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎snorkeling_yyl‬, #tourism_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top