ဖခင်ဖြစ်သူကို ကျောက်ကပ်လှူဒါန်းခဲ့တဲ့ ကိုရီးယားမင်းသား နမ်ယွန်းဆု

18.7.2024-yyl-2-1.jpg

The King’s Affection ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသားချော နမ်ယွန်းဆုဟာ ဖခင်ဖြစ်သူကို သူ့ရဲ့ကျောက်ကပ်ပေးပြီးသွားပြီလို့ သိရပါတယ်။ ဇွန်လ ၁၉ ရက်နေ့ကို သူ့အဖေအတွက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့က သတင်းဌာနတွေက ဖော်ပြခဲ့တာပါ။

ကျောက်ကပ်အစားထိုးကုသဖို့အတွက် အခုလအစပိုင်းကတည်းက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်ဆိုင်းထားခဲ့တယ်လို့လည်း သိရပါတယ်။ သတင်းဌာနတွေထုတ်ပြန်တဲ့နေ့မှာပဲ မင်းသားရဲ့အေဂျင်စီ Garten ကလည်း “နမ်ယွန်းဆုက ဇွန် ၁၉ ရက်နေ့က သူ့အဖေကို ကျောက်ကပ်ပေးခဲ့ပါတယ်။ အခုဆို နမ်ယွန်းဆုရော သူ့အဖေပါ ပြန်လည်ကောင်းမွန်နေပြီး ဆေးရုံကဆင်းပြီးပါပြီ”လို့ အတည်ပြုပေးခဲ့ပါတယ်။

နမ်ယွန်းဆုက သူ့စိတ်ဆန္ဒအလျောက် သူ့ကျောက်ကပ်ကို လှူခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုနဲ့ သူ့အဖေ ပြန်လည်ကောင်းမွန်လာဖို့အတွက် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားခဲ့တယ်။ အခုဆို ပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲအသစ်တွေနဲ့မကြာခင် ပြန်လည်သရုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သူ့အေဂျင်စီက ဆိုပါတယ်။

နမ်ယွန်းဆုက အခုနှစ်ကုန်ပိုင်းမှာ ပြသဖို့ စီစဉ်ထားတဲ့ Love in the Big City ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပါတယ်။

Ref: Nam Yoon Su Donates Kidney To Father + To Return To Acting After Successful Surgery And Recovery

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top