Game of Thrones ရဲ့ Season (3) ကို ပြန်လည်ခံစားခြင်း

Game-Of-Thrones-Season-3-Wallpaper-710x408.jpg

Season 3 ရောက်အလာမှာတော့ တိုင်ရီယွန် (Tyrion) ဟာ ဘုရင့်ညာလက်ရုံးရာထူးကို အဖေဖြစ်သူ တိုင်ဝင်(Tywin) လက်ထဲအပ်လိုက်ရပါတယ်။ တိုက်ပွဲကြောင့် မျက်နှာမှာလည်း ဒဏ်ရာကြီးကြီးရလာတဲ့အပြင် ရာထူးမရှိတော့လို့ တူဖြစ်တဲ့ ဂျော်ဖရီရဲ့ လှောင်ပြောင်သမျှကို စတင်ခံရတော့တာပါပဲ။ တိုင်ဝင်ကတော့ တိုင်းရေးပြည်ရာအဖြာဖြာကို ကိုယ်တိုင်ကိုယ်ကျဦးစီးနေလေရဲ့။ ဒီအချိန်မှာလန်နစ္စတာတွေရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ဘရာသီယွန်အိမ်တော်မှာညီဖြစ်တဲ့ ရန်လေ (Renly) သေ၊ အစ်ကိုဖြစ်တဲ့စတန်းနစ် (Stannis) က စစ်ရှုံးလို့အခြေမလှ၊ စတာခ့်တွေမှာတော့ ရော့ဘ် (Robb Stark) တိုက်ပွဲသုံးပွဲကိုနိုင်ထားပေမယဲ့ ပြောရပလောက်တဲ့အောင်ပွဲတော့မရထားသေးပါဘူး။

အိမ်တော်ဖြစ်တဲ့ ဝင်းတားဖဲလ်ကလည်း ရန်သူလက်ထဲကျပြီး ဗျာများနေရတဲ့အခြေအနေပေါ့။ ဒါကြောင့် တိုင်ဝင်က စတာ့ခ်တွေ နောက်လိုက်ထပ်မများသွားစေဖို့ ပီတာဘေးလစ်ရှ် (PetyrBaelish) ကို လိုင်ဆာအာယန်း ( LysaArryn) နဲ့လက်ထပ်ခိုင်းလိုက်ပါတယ်။ လစ်လပ်သွားတဲ့ ပီတာရဲ့ဘဏ္ဍာထိန်းရာထူးကိုတော့ တိုင်ရီယွန်ကိုအပ်လိုက်တယ်။ ဒါ့အပြင် တိုင်ရီယွန်ကို ဆန်ဆာ(Sansa) နဲ့၊ ဆာဆီ(Cersei) ကို လိုရာတိုင်ရဲ (Loras Tyrell) နဲ့ အတင်းလက်ထပ်ပေးဖို့စီစဉ်ပြန်တယ်။ တိုင်ရီယွန်နဲ့ဆန်ဆာ လက်ထပ်ဖြစ်သွားပေမဲ့ ဆန်ဆာကို တိုင်ရီယွန်ကမသိမ်းပိုက်ခဲ့ပါဘူး။

တိုင်ရီယွန် (Tyrion) ဟာ တိုက်ပွဲကြောင့် မျက်နှာမှာလည်း ဒဏ်ရာကြီးကြီးရလာတဲ့အပြင် ရာထူးမရှိတော့လို့ တူဖြစ်တဲ့ ဂျော်ဖရီရဲ့ လှောင်ပြောင်သမျှကို စတင်ခံရ

လန်နစ္စတာတွေထဲမှာ ကံမကောင်းခဲ့တဲ့တစ်ဦးတည်းသောသူကတော့ ဂျေမီ (Jamie) ပါ။ ဘရီယန်း (Brienne) နဲ့အတူပြန်လာရင်း လမ်းမှာရုစ်ဘိုတွန်ရဲ့လူတွေဖမ်းတာ ခံခဲ့ရတယ်။ ဘရီယန်းကိုဝင်ကာကွယ်ပေးရင်း ဂျေမီ ညာဘက်လက်ဖြတ်ခံလိုက်ရတယ်။ ရော့ဘ်ကလည်း ဝေါဒါဖရေး (Walder Frey) ရဲ့သမီးတစ်ယောက်ကို လက်ထပ်ပါမယ်ဆိုတဲ့ကတိ ဖျက်ခဲ့မိတာကို ပြန်ပြေလည်စေဖို့အတွက် ကတ်တလင်းရဲ့မောင်၊ သူ့ဦးလေး အဒ်မူယာ (Edmure) ကို ဖရေးအိမ်တော်ကသမီးတစ်ယောက်နဲ့ လက်ထပ်စေတယ်။ ဝင်းတားဖဲလ်ကိုပြန်သိမ်းဖို့အတွက်လည်း ရုစ်ဘိုတွန် (Roose Bolton) ရဲ့ မျိုးမစစ်သား ရမ်ဆေးဘိုတွန် (Ramsey Bolton) ကိုစေလွှတ်ခဲ့တယ်။

ဒါပေမဲ့လည်း တိုင်ဝန်လန်နစ္စတာရဲ့နောက်ကွယ်ကကြိုးကိုင်မှုနဲ့အတူ ရို့စ်ဘိုတွန်၊ ဝေါဒါဖရေးတို့ပေါင်းပြီး မင်္ဂလာဆောင်မှာ စတာ့ခ်မိသားစုအားလုံးကိုလုပ်ကြံလိုက်ပါတယ်။ ရော့ဘတ်အသက်ကိုကယ်ဖို့ ကတ်တလင်းတားဆီးခဲ့သေးပေမဲ့လည်း အရာမထင်ခဲ့ပါဘူး။ ဒီလုပ်ရပ်ကို မိသားစုဆီပြန်လာနေတဲ့ အာယာ (Arya) နဲ့ သူ့ကိုရွှေနဲ့လဲဖို့ဖမ်းလာတဲ့ The Hound တို့လည်း မျက်မြင်ကြုံလိုက်ရပါတယ်။

အစ်ကိုဖြစ်သူအလောင်းကို ဝံပုလွေခေါင်းနဲ့တွဲချုပ်ပြီး အောင်ပွဲခံနေတာကိုပါ မြင်လိုက်ရတဲ့ အာယာအတွက်တော့ ပိုပြီးတော့ နာကျည်းစိတ်တွေများသွားစေခဲ့တယ်

အစ်ကိုဖြစ်သူအလောင်းကို ဝံပုလွေခေါင်းနဲ့တွဲချုပ်ပြီး အောင်ပွဲခံနေတာကိုပါ မြင်လိုက်ရတဲ့ အာယာအတွက်တော့ ပိုပြီးတော့ နာကျည်းစိတ်တွေများသွားစေခဲ့တယ်။ ရမ်ဆေးကဝင်းတာဖဲလ်ကို ပြန်သိမ်းလိုက်နိုင်တယ်။ ဒါပေမဲ့ စတာ့ခ်တွေအတွက်မဟုတ်ဘဲ သူ့အတွက်သာ သိမ်းသွားတာဖြစ်ပါတယ်။ သီယွန်(Theon) ကို ကစားစရာအရုပ်တစ်ခုလို ညှင်းဆဲနှိပ်စက်တဲ့အပြင် သင်းကွပ်ခဲ့ပါသေးတယ်။ ဝင်းတားဖဲလ်ကထွက်ပြေးလာတဲ့ ဘရန် (Bran) တို့ကတော့ ဂျိုဂျန် (Jojen) နဲ့ မီရာရိဒ်( Meera Reed) တို့နဲ့တွေ့ပြီး အကူအညီရခဲ့တယ်။ ဂျိုဂျန်ကြောင့် ဘရန်တစ်ယောက် သူ့ရဲ့အိပ်မက်တွေအကြောင်းပိုသိလာပြီး “Three Eyed Raven” ရှိရာကိုဆက်ထွက်လာခဲ့တယ်။

ဂျွန်စနိုးကတော့ လူရိုင်းတွေကြားထဲမှာနေရင်းပဲ အီဂရက် (Ygritte) နဲ့ပိုရင်းနှီးလာတယ်

မြို့ရိုးအပြင်ဘက်က ဂျွန်စနိုးကတော့ လူရိုင်းတွေကြားထဲမှာနေရင်းပဲ အီဂရက် (Ygritte) နဲ့ပိုရင်းနှီးလာတယ်။ တကယ်လည်းချစ်သွားတာပါ။ ဒါပေမဲ့ ညစောင့်တပ်ကို သစ္စာရှိတဲ့ဂျွန်က သူလျှိုအဖြစ်နေတာပေါ်သွားလို့ ထွက်ပြေးလာတော့ အီဂရက်အသည်းကွဲခဲ့ရတယ်။ ဒနဲရီကတော့ ကာ့တ်မြို့ကထွက်လာအပြီးမှာ ကျွန်အရောင်းအဝယ်လုပ်တဲ့ အက်စတာပို (Astapor) ကိုရောက်လာပါတယ်။ အဲဒီမှာပဲ တစ်သက်လုံးစစ်သားဖြစ်ဖို့လေ့ကျင့်ပေးထားတဲ့ Unsullied တပ်ကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ဒါ့အပြင် နဂါးတွေကိုအသုံးပြုပြီးတော့ ကျွန်တွေကိုလည်း လွတ်မြောက်ခွင့်ပေးခဲ့ပြန်သေးတယ်။ ဒါကြောင့် Westro တစ်ဘက်ခြမ်းမှာ ဒနဲရီရဲ့အင်အားက တဖြည်းဖြည်းပိုကြီးထွားလာခဲ့တယ်။ ဒီလိုနဲ့ Season (3) အပြီးမှာ လန်နစ္စတာတွေက ပြိုင်ဘက်တွေအပေါ်မှာ အသာစီးရယူနိုင်ခဲ့ပါပြီ။ စတန်းနစ်က ထီးနန်းသိမ်းဖို့အတွက် ပြန်ပြီးကြိုးပမ်းနေပေမဲ့ မူလထက်တော့ အင်အားလျော့သွားပြီး ဒနဲရီကတော့ တစ်ဘက်ခြမ်းမှာအင်အားစုရင်း ထီးနန်းပြန်သိမ်းလာဖို့ တာစူနေပုံနဲ့ အပြီးသတ်ထားပါတယ်။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top