အယ်လီဇဘက်ဘုရင်မနဲ့ ဒိုင်ယာနာမင်းသမီးတို့ရဲ့အမည်ပါအောင် မှည့်ထားတဲ့ ဟယ်ရီရဲ့သမီးလေးနာမည်

harry-meghan1.jpg

မင်းသားဟယ်ရီနဲ့ မီဂန်တို့ရဲ့ ဒုတိယမြောက်ကလေးကို ဇွန်လ ၄ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ပထမကလေးလေး အာချီ (Archie) ကိုတော့ ၂၀၁၉ခုနှစ်က မွေးဖွားခဲ့တာပါ။ ဒုတိယမြောက်ကလေးလေးရဲ့နာမည်ကတော့ ထူးခြားပါတယ်။ ဘာလို့လဲဆိုရင် အယ်လီဇဘက် ဘုရင်မကြီးနဲ့ ဒိုင်ယာနာမင်းသမီးတို့ကို ဂုဏ်ပြုပြီး လီလီဘတ် လီလီ ဒိုင်ယာနာ မောင့်ဘတ်တန် ဝင်တ်ဆာ (Lilibet Lili Diana Mountbatten Windsor) လို့ အမည်မှည့်ပေးထားလို့ပါပဲ။

မင်းသားဟယ်ရီတို့စုံတွဲဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပေမဲ့ ဒုတိယမြောက်ကလေးလေးအတွက် အမည်ရွေးချယ်မှုကတော့ တော်ဝင်မိသားစုကို ဂုဏ်ပြုပေးခဲ့တာပါ။ လီလီဘတ်ဆိုတာက အသက် ၉၅နှစ်အရွယ် အယ်လီဇဘတ်ဘုရင်မကြီးရဲ့မိသားစုနာမည်ပြောင်ဖြစ်ပါတယ်။ လီလီဘတ်ရဲ့အလယ်နာမည်ကတော့ ၁၉၉၇ခုနှစ်မှာ ကားမတော်တဆမှုနဲ့ သေဆုံးသွားခဲ့တဲ့ ဟယ်ရီရဲ့မိခင် ဒိုင်ဟာနာမင်းသမီးကို အောက်မေ့တသတဲ့အနေနဲ့ ဒိုင်ယာနာလို ရွေးချယ်မှည့်ပေးထားတာပါ။

ဘုရင်မကြီး၊ မင်းသားဟယ်ရီရဲ့ဖခင် ချားလ်မင်းသားနဲ့ သူ့အစ်ကို မင်းသားဝီလျံနဲ့ ဇနီးကိတ်တို့က ဟယ်ရီရဲ့သမီးလေးမွေးဖွားတယ်ဆိုတဲ့ သတင်းကြောင့် ကျေနပ်ဝမ်းသာနေတယ်လို့ Buckingham Palace ကဆိုပါတယ်။ မင်းသားဝီလျံနဲ့ ကိတ်တို့က “ကျွန်တော်တို့အားလုံး လီလီလေး မွေးဖွားလာတဲ့ပျော်ရွှင်စရာသတင်းကြောင့် ဝမ်းသာရပါတယ်။ ဂုဏ်ယူပါတယ် ဟယ်ရီ၊ မီဂန်နဲ့ အာချီ” လို့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

မင်းသားဟယ်ရီနဲ့ မီဂန်တို့ကလည်း သမီးလေးမွေးဖွားတယ်ဆိုတာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆုတောင်းပေးကြတဲ့သူတွေရော ချစ်ပေးကြတဲ့သူတွေကိုပါ ကျေးဇူးတင်ပါတယ်။ အခုလိုထူးခြားတဲ့အချိန်မှာ ပံ့ပိုးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့လည်း ရေးသားထားပါတယ်။

မင်းသားဟယ်ရီနဲ့ မီဂန်တို့ တော်ဝင်အမျိုးအနွယ်ကနေ နှုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် တစ်နှစ်ခွဲနီးပါးမှာ လီလီဘတ်ကို မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ ဟယ်ရီနဲ့ မီဂန်တို့ တော်ဝင်အမျိုးအနွယ်ကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ အယ်လီဇဘတ်ဘုရင်မကြီးကလည်း ဟယ်ရီနဲ့မီဂန်တို့ရဲ့အခက်အခဲတွေကို သိရတဲ့အတွက်လည်း ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဟယ်ရီရဲ့ဒုတိယမြောက်သမီးလေးတစ်ယောက်တင် အယ်လီဇဘတ်ဘုရင်မကြီးနဲ့ ဒိုင်ယာနာမင်းသမီးတို့ရဲ့အမည်ကိုယူပြီးမှည့်ထားတာမဟုတ်ပါဘူး။ ဟယ်ရီရဲ့အစ်ကို ဝီလျံမင်းသားရဲ့တစ်ဉီးတည်းသောသမီးလေးကိုလည်း ဘုရင်မကြီးနဲ့ ဒိုင်ယာနာမင်းသမီးတို့ရဲ့နာမည်ပါတဲ့ ချာလော့ အယ်လီဇဘတ် ဒိုင်ယာနာ (Charlotte Elizabeth Diana)လို့ ခေါ်ပါတယ်။

Ref: Tribune “How Harry, Meghan’s newborn’s name is tribute to Diana, Queen”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top