အချိန် ၉ နှစ်၊ မိုင်ပေါင်း ၃ ဘီလျံ ခရီးနှင်ပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ

VV.jpg

ပလူတိုဂြိုဟ်ပေါ်က ရေခဲတောင်တန်းတွေပုံကို ရိုက်ကူးနိုင်ဖို့ နာဆာ (NASA) ဟာ ၉ နှစ်ကျော်ကြာ အချိန်ယူခဲ့ရပြီး မိုင်ပေါင်း ၃ ဘီလျံနီးပါး ခရီးနှင်ခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နာဆာက နေအဖွဲ့အစည်းရဲ့ အဝေးဆုံးမှာရှိတဲ့ ပလူတိုဂြိုဟ်ကို သွားရောက်လေ့လာဖို့ New Horizons ဆိုတဲ့ အာကာသယာဉ်ကို ထူးခြားမစ်ရှင်တစ်ခုအဖြစ် လွှတ်တင်ခဲ့ပါတယ်။

အဲဒီအာကာသယာဉ်ဟာ အာကာသဟင်းလင်းပြင်ထဲမှာ ၉ နှစ်ကျော် ခရီးနှင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ပလူတိုဂြိုဟ်ဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ စကြဝဠာနဲ့ပတ်သက်ပြီး အမြင်တွေ ပြောင်းလဲပေးနိုင်မယ့် ဓာတ်ပုံတွေကို ရိုက်ကူးပေးပို့ခဲ့တာပါ။

အဲဒီဓာတ်ပုံတွေထဲမှာ အထူးခြားဆုံးကတော့ ပလူတိုဂြိုဟ် မျက်နှာပြင်ထက် ပေပေါင်း ၁၁,၀၀၀ ကျော် မြင့်မားတဲ့ ဧရာမ တောင်တန်းကြီးတွေပါပဲ။ ကမ္ဘာပေါ်မှ တောင်တွေနဲ့မတူဘဲ ပလူတိုဂြိုဟ်ပေါ်က မြင့်မားလှတဲ့ တောင်ထိပ်တွေဟာ ရေခဲတွေနဲ့ အဓိက ဖွဲ့စည်းထားတာကတော့ ထူးခြားလှပါတယ်။

ပလူတိုဂြိုဟ်ရဲ့ အပူချိန်ဟာ အနုတ် ၂၂၀ ဒီဂရီစင်တီဂရိတ် (-220°C) အောက်အထိ ကျဆင်းနိုင်တာကြောင့် ရေခဲတွေဟာ ကျောက်တုံးတွေလိုမျိုး အလွန်အမင်း မာကျောသွားပြီး ပေပေါင်းသောင်းချီမြင့်တဲ့ တောင်တန်းကြီးတွေအဖြစ် ဖြစ်ပေါ်လာတာပါ။

Ref: NASA’s New Horizons travelled 3 billion miles over 9 years to reach Pluto

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top