အဝေးကြီးကနေ အထက်တန်းပညာဘွဲ့ယူနေတဲ့သားဖြစ်သူကို Surprise လာလုပ်ပေးခဲ့တဲ့ ဖခင်

14.6.2024-yyl-2.jpg

ရေတပ်က ဖခင်တစ်ဦးဟာ Brackenridge High School မှာ အထက်တန်းပညာဘွဲ့ရယူနေတဲ့သားဖြစ်သူဆီ တောင်တရုတ်ပင်လယ်ကနေ ၁၇ နာရီကြာခရီးနှင်ပြီး ရောက်အောင်လာခဲ့ပါတယ်။ အမေရိကန်လေတပ်အဖွဲ့ဝင် ဒေးဗစ် ကက်စတီလိုက သားဖြစ်သူ ဒေးဗစ်ရန်ဒီကက်စတီလိုဆီ လာပြီး Surprise လုပ်ခဲ့တဲ့ အခိုက်အတန့်ကို ကျောင်းက ရိုက်ကူးထားခဲ့တာပါ။

သားဖြစ်သူက ဖခင်ဖြစ်သူ ရေမြေရပ်ခြားရောက်နေတဲ့အတွက် မလာနိုင်ဘူးလို့ပဲ သိထားခဲ့တာပါ။ ဖခင်ဖြစ်သူ တက်ရောက်မှာလားလို့ ဒေးဗစ်ကို ကျောင်းက မေးတော့ “ဝမ်းနည်းစရာပါပဲ အဖေက မတက်ရောက်ဖြစ်ဘူး။ အခု သူ နိုင်ငံရပ်ခြားမှာ ရှိနေတယ်”လို့ သူက ပြောခဲ့တာပါ။

သူ့ကိုမေးပြီးတဲ့အချိန်မှာ Surprise အနေနဲ့ သူ့အဖေကို မြင်တွေ့လိုက်ရတာပါပဲ။ သူ့အဖေကို အခုလိုမြင်လိုက်ရတဲ့အတွက် ဘယ်လိုခံစားရလဲမေးတော့ အခု အရမ်းပျော်နေပါတယ်တဲ့။

Ref: Navy Dad Travels 17 Hours to Surprise Son at High School Graduation — See Their Emotional Reunion!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top