ဒုံးပျံလွှတ်တင်ရေးစင်မြင့် မီးလောင်လို့ အာကာသစခန်းကို အထောက်အပံ့ပစ္စည်းတင်ပို့မယ့် အစီအစဉ်ဖျက်သိမ်းခဲ့ရ

yyl-036-1.jpg

ဒုံးပျံလွှတ်တင်ရေးစင်မြင့် မီးလောင်ပြီး ဒုံးပျံလွှတ်တင်မှု ဖျက်သိမ်းခဲ့ရတဲ့အတွက် နိုင်ငံတကာအာကာသစခန်း(ISS)ထံ ထောက်ပံ့ရေးပစ္စည်း တင်ပို့မယ့် အစီအစဉ်ကို ဂျပန်နိုင်ငံက ဆိုင်းငံ့ခဲ့ပါတယ်။ကုန်တန်ချိန်အများအပြား တင်ဆောင်နိုင်တဲ့ H2B ဒုံးပျံကို ဂျပန်နိုင်ငံ တာနီဂါရှီမာကျွန်းပေါ်ကနေ လွှတ်တင်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဒုံးပျံလွှတ်တင်ရေးစင်မြင့်အောက်ခြေမှာ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်တဲ့နေရာက ဒုံးပျံအင်ဂျင်မီးခိုးတွေ စွန့်ထုတ်ရာအပေါက်နဲ့ တော်တော်နီးပါတယ်။

အဲဒီနောက်မှာတော့ ဂျပန်အာကာသ စွန့်စားသွားလာရေးအေဂျင်စီ(JAXA)ကိုယ်စား ဒုံးပျံလွှတ်တင်တဲ့ Mitsubishi Heavy Industries (MHI)က ဒုံးပျံလွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့တာပါ။ လူလိုက်ပါခြင်းမရှိတဲ့ ဒုံးပျံပေါ်မှာ အာကာသစခန်းက အာကာသယာဉ်မှူး (၆)ဦးအတွက် လိုအပ်တဲ့ ဘက်ထရီ၊ အစားအစာနဲ့ အထောက်အပံ့ပစ္စည်း ၅.၄ တန် တင်ဆောင်ခဲ့ပါတယ်။ ထောက်ပံ့ရေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်လို့ နိုင်ငံတကာအာကာစခန်းကို ထိခိုက်စေမှာမဟုတ်ဘူးလို့ (MHI)ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အဲဒီဒုံးပျံဟာ ကမ္ဘာမြေပေါ်က တင်ဆောင်သွားတဲ့ ပစ္စည်းတွေကို နိုင်ငံတကာအာကာသစခန်းမှာ ချပြီးရင် အာကာသစခန်းက အမှိုက်တွေကို ပြန်သယ်လာပြီး ကမ္ဘာ့လေထုအတွင်း ပြန်ဝင်လာချိန်မှာ မီးရှို့ဖျက်ဆီးဖို့ စီစဉ်ထားတာပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top