Stay at Home သတ်မှတ်ထားတဲ့ ဒေသကသူတွေ နေပြည်တော်ကို လာရောက်မည်ဆိုပါက ကွာရန်တင်းဝင်ရမယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

Covid-19 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် Stay at Home သတ်မှတ်ထားတဲ့ ဒေသကလူတွေ နေပြည်တော်ကို ဝင်ရောက်လာပါက သက်ဆိုင်ရာ Quarantine Centre တွေမှာ ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

stay at home မြို့နယ်တွေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးက တမူးမြို့နဲ့ ကလေးမြို့၊ ချင်းပြည်နယ်က တီးတိန် ၊ ဖလမ်း ၊ ထန်တလန် ၊ ဟားခါးနဲ့ တွန်းဇံမြို့တို့ကို သတ်မှတ်ထားပါတယ်။

ဇွန်လ (၁၈) ရက်နေ့အထိ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၄၇,၀၆၉) ဦး၊ ဆေးရုံခွင့်ရသူ စုစုပေါင်း (၁၃၃,၄၅၂) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၃,၂၅၁) ဦး ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရပါတယ်။
Photo- နေပြည်တော်ကောင်စီ
Cherry(ရိုးရာလေး)