မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

17-6-2021-yyl-28.jpg

အခုဆို မိုးတွင်းကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် မိုးရာသီနဲ့အတူကပ်ပါလာတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုလည်း အထူးဂရုပြုသင့်ပါတယ်။ သွေးလွန်တုပ်ရေးရောဂါက ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါက အသက် (၁၅) နှစ်အောက် ကလေးတွေမှာဖြစ်ပွားတတ်တဲ့ အဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်ပေမယ့်လည်း တောရော၊ မြို့ပါမကျန် အသက်အရွယ်ကြီးရင့်သူတွေလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်ပါတယ်။

ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးလက္ခဏာက ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး အချိန် (၄) ရက်မှ (၆) ရက်အကြာမှာ ရောဂါလက္ခဏာစတင်ပြသပါတယ်။ ရုတ်တရတ် အဖျားတက်လာခြင်းနဲ့အတူ ခေါင်းကိုက်လာခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန့်ခြင်း၊ အစာမစားချင်၊ မသောက်ချင်ဖြစ်ခြင်း၊ တစ်ခါတစ်လေ ခန္ဓာကိုယ်က အစက်အပြောက်ပေါ်လာခြင်းတွေလည်း ဖြစ်တတ်ပါတယ်။စိုးရိမ်ရတဲ့ ရောဂါလက္ခဏာများ

ခန္ဓာကိုယ်တွင်း သွေးယိုစီးတဲ့အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင်၊ အဖတ်အမျှင်များပါတဲ့ အရည်များကိုအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ နှားခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ် ထိခိုက်သကဲ့သို့ သွေးခြေဥသကဲ့သို့ အနီကွက်များထွက်ပေါ်လာခြင်း၊ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း(အဖျားစတင်ဖြစ်ပွားတဲ့နေ့မှစတင်ပြီး (၃) ရက်မြောက်နေ့မှာဖြစ်ပွားတတ်)၊ ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း(သို့မဟုတ်) အရမ်းမှိန်းလာခြင်း၊ ခြေဖျား လက်ဖျားတွေ/ အလွန်အမင်း အေးစက်လာခြင်း၊ သွေးပေါင်အလွန်ကျဆင်းခြင်း(တိုင်းတာလို့မရတဲ့ အခြေအနေဖြစ်ခြင်း)၊ အပေါ်သွေး/ အောက်သွေးခြားနားချက်က (၂၀) မီလီမီတာထက် မာကျူရီ (သို့မဟုတ်) ထက်နည်းနေခြင်း၊ အစာ/ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသူက ကိုယ်အပူချိန် ကျဆင်းသွားပြီး မှိန်းနေတာ/ အိပ်နေတာမျိုးတွေက အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဖော်ပြထားတဲ့ စိုးရိမ်ရတဲ့ ရောဂါလက္ခဏာတစ်ခုခုတွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ခြင်း ခေါ်ဆောင်ပြသဖို့ လိုအပ်ပါတယ်။

နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အချိန်မီမရောက်ပါကနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အသက်ဆုံးရှုံးတာတွေအထိဖြစ်နိုင်ပါတယ်။ ဒ့ါပြင် သွေးတုပ်ကွေးရောဂါခံစားနေရတဲ့ လူနာတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ခံဆရာဝန်ရခွင့်ပြုချက်မရရှိဘဲ ဆေးရုံမှမဆင်းသင့်ပါ။ ခွင့်ပြုချက်ရပြီး ဆေးရုံဆင်းမည်ဆိုပါကလည်း တစ်ပတ်လောက်အိမ်မှာ အနားယူရန်လိုအပ်ပါတယ်။

ရောဂါဖြစ်၊ မဖြစ် စစ်ဆေးနိုင်တဲ့နည်းလမ်း

သွေးလွန်တုပ်ကွေးရောဂါဖြစ်၊ မဖြစ်ကို Tourniquet Test ဆိုတဲ့ သွေးပေါင်ချိန်တိုင်းကရိယာဖြစ် စစ်ဆေးတိုင်းတာပါက လက်ဖျံမှာ အနီအစက်အပြောက်တွေ ပေါက်လာခြင်းရှိ၊ မရှိပေါ်မူတည်ပြီး သိရှိနိုင်ပါတယ်။ အနီအစက်အပြောင်တွေ ပေါ်လာပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေပြီဖြစ်ပါတယ်။ရောဂါဖြစ်ပွားပြီးသူတွေ သတိထားသင့်တဲ့အချက်

သွေးလွန်တုပ်ကွေးရောဂါ တစ်ကြိမ်ဖြစ်ပွားပြီးသူတွေအနေနဲ့ နောက်တစ်ကြိမ်သွေးလွန်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားပါက ပထမတစ်ကြိမ်ထက် ပိုမိုဆိုးဝါးတတ်တာမို့ အထူးသတိထားရန်လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် အခြေခံအကျဆုံးနည်းလမ်းဖြစ်တဲ့ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်သင့်သလို မိုးတွင်းကာလသာမက တခြားသောမည်သည့်ရာသီမျိုးမှာမဆို သွေးလွန်တုပ်ကွေးရောဂါကို သတိပြုသင့်ပါတယ်။

Photo- Internet
Cherry- (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top