ထောင်ဝင်စာလာတွေ့တဲ့ အမြွာအကိုကို လူစားလဲပြီး ထောင်မှ ထွက်ပြေး

Delgado-Piedras-Gordas-Prison.jpg

ထောင်ဝင်စာလာတွေ့တဲ့ အမြွာအကိုကို လူစားလဲပြီး ထောင်မှထွက်ပြေးသွားသူ ပီရူးအာဏာပိုင်တွေဟာ သူ့နေရာမှာ အမြွာအကို ကို ထားခဲ့ပြီး ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူကို တစ်နှစ်ကျော် ကြာပြီးချိန်မှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အလက်ဇန်းဒါးဒယ်ဂါဒိုဟာ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ညှင်းပန်းမှု၊ ဓါးပြမှုတွေကြောင့် လီမာမြို့မြောက်ပိုင်းက ထောင်မှာ ၁၆ နှစ်ထောင်ဒဏ် အပြစ်ပေးခံရသူဖြစ်ပါတယ်။

ဒယ်ဂါဒိုဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက သူ့ရဲ့အမြွှာအကိုဖြစ်သူ ဂီယမ်ကာလို ထောင်ဝင်စာလာတွေ့ချိန်မှာ ဆေးခတ်ပြီး အဝတ်အစားတွေလဲကာ ထောင်မှ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ထောင်မှာကျန်ခဲ့တဲ့ အကိုဖြစ်သူ ဂီယမ်ကာလိုရဲ့ လက်ဗွေရာကို နှိပ်ခိုင်းချိန်မှာ အကျဉ်းသားလဲလှယ်မှု ဖြစ်ခဲ့တာကို အတည်ပြုနိုင်ခဲ့တာပါ။ ပီရူးပြည်ထဲရေးဝန်ကြီးဟာ ထောင်ကလွတ်မြောက်သွားတဲ့ ဒယ်ဂါဒိုကို ပြန်ဖမ်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေ ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကယ်လာအို ဆိပ်ကမ်းမြို့မှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလ်ဂါလိုကိုတောင်ပိုင်း ကုန်းမြင့်ဒေသက လုံခြုံရေးတင်းကြပ်တဲ့ အကျဉ်းထောင်ကို ပို့ဆောင်ဖို့ ရှိနေပါတယ်။

ပီရူးအာဏာပိုင်တွေဟာ ဂီယမ်ကာလိုကို ဖမ်းဆီးခဲ့ပြီး ထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ပူးပေါင်း ကြံစည်မှု ရှိမရှိဆိုတာကို စုံစမ်း စစ်ဆေးခဲ့ပါတယ်။ ညီဖြစ်သူကို ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ သူ့ကို စွဲချက်မတင်ဘဲ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒယ်ဂါဒိုက အခုလို မျိုးထွက်ပြေးခဲ့တာဟာ မိခင်ဖြစ်သူကို တွေ့ချင်တာဖြစ်တယ်လို့ ပြောပါတယ်။

BBC News: Peru jail twin who switched with brother is recaptured

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top