နျူကလီးယား နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်တန့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

263610-970x600-1.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က သူအနေနဲ့ နျူကလီယား စမ်းသပ်တဲ့နေရာကို ချက်ချင်း ပိတ်ပစ်မှာဖြစ်သလို ဒုံးကျည်စမ်းသပ်မှုအားလုံးကို ဆိုင်းငံမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ကစပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု နဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လုပ်ဆောင်နေမှုတွေကို ရပ်တန့်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး တိုးတက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အခုလနှောင်းပိုင်းမှာ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်နဲ့ တွေ့ဆုံဆွေးနွေးမှာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဇွန်လအတွင်းမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုတစ်ခုကို ပြုလုပ်ဖွယ် ရှိနေပါတယ်။

အမေရိကန်သမ္မတ နဲ့ မြောက်ကိုရီးယားခေါင်းဆောင်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ရင် အဲဒီတွေဆုံဆွေးနွေးမှုက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ အမေရိကန် သမ္မတအကြား ပထမဆုံးသော တွေ့ဆုံဆွေးနွေးမှု ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်တာကို ရပ်တန်မယ့်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ ကမ္ဘာအတွက် သတင်းကောင်းတစ်ရပ်ဖြစ်တယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ ထူးခြားထင်ရှားတဲ့ တိုးတက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယားစမ်းသပ်မှုကို ရပ်တန့်တာဟာ တောင်ကိုရီးယား- မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲ၊ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေ အောင်မြင်ဖို့ အတွက် အပေါင်းလက္ခဏာ ဖြစ်စေတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Ref: http://www.bbc.com/news/world-asia-43846488

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top