WLC -10: Fearless Tigers (ကြောက်ရွံ့ကင်းကျား) မှာပါဝင်လာမယ့် ခေါင်ပွဲနဲ့ ဒု-ခေါင်ပွဲတွဲဆိုင်းများ

68937465_370805583817422_3881473799228489728_n.jpg

လာမယ့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်မှာတော့ WLC နဲ့ GTG (Great Tiger Group) တို့ ပူးပေါင်းစီစဉ်ထားတဲ့ WLC -10: Fearless Tigers (ကြောက်ရွံ့ကင်းကျား) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို မန္တလေးမြို့က မန္တလာသီရိ အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ စုစုပေါင်း တွဲဆိုင်း (၁၃) ဆိုင်းပါဝင်လာမှာဖြစ်ပြီး အမှတ်ပေးစနစ်နဲ့ ထိုးသတ်မယ့်ပွဲ (၈) ပွဲနဲ့ စနစ်သစ် (၅) ချီစိန်ခေါ်ပွဲ (အရှုံးအနိုင်မပေါ်ရင် သရေအဖြစ်သတ်မှတ်မယ့်ပွဲ) (၅) ပွဲ ပါဝင်လာမှာဖြစ်ပါတယ်။ ပွဲစဉ်အားလုံးကို CANAL+ မြန်မာရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်းသိရပါတယ်။

လတ်တလောမှာ အတည်ပြုထားပြီးတဲ့တွဲဆိုင်းတွေကတော့ အမှတ်ပေးစနစ်အတွက် ခေါင်ပွဲအဖြစ် သွေးသစ်ဝင်းလှိုင် (မြန်မာ) နဲ့ ဘရုလက် (ဂျာမနီ)၊ ဒု-ခေါင်ပွဲအဖြစ် နီကိုလာဘာ့ခ် (မြန်မာ) နဲ့ ဘီယန်ကာဘာလက်ဂ်ျတီ (ဟန်ဂေရီ) တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စနစ်သစ် (၅) ချီစိန်ခေါ်ပွဲရဲ့ ခေါင်ပွဲအဖြစ် ဖျံသွေးနဲ့ ရွှေရာမာဉ်၊ ဒု-ခေါင်ပွဲအဖြစ် သပြေညိုနဲ့ ရန်နိုင်ထွန်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာပါ။ ကျန်ရှိနေသေးတဲ့တွဲဆိုင်းတွေကိုလည်း WLC က အချိန်နဲ့တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top