ပရိသတ်တွေကိုချစ်မေတ္တာအပြည့်နဲ့ စောင့်ရှောက်ခဲ့တဲ့ Jonghyun ရဲ့ လုပ်ဆောင်ချက်များ

SHINee-Jonghyun-MCountdown-fanmeeting-2.png

၂၀၁၇ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယား အဆိုတော့ ဂျောင်ဟွန်းဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တစ်ယောက်ပါ။

အောက်မှာတော့ ဂျောင်ဟွန်းရဲ့ သူ့ရဲ့ပရိတ်သတ်တွေအပေါ် ဘယ်လိုကြင်နာစွာ ပြောဆိုဆက်ဆံခဲ့လို့ဆိုတဲ့အချက် ၈ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ ရုန်းကန်နေရတဲ့ အသက် ၂၀ အရွယ်လူငယ်တွေကိုအားပေးခဲ့ပါတယ်။ Jonghyun : နောင် ၁၀ နှစ်မှာ မင်းဘာဖြစ်ချင်လဲ? Fan : ကျွန်တော်ရေဒီယို အစီအစဉ်ထုတ်လုပ်သူတစ်ယောက်ဖြစ်ချင်ပါတယ်။ Jonghyun : ဒါဆို ငါတို့ရုပ်သံထုတ်လွှင့် တဲ့ စတူဒီယိုမှာပြန်ဆုံကြမယ်။

၂။ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုကိုလည်း ကန့်ကွက်ခဲ့ပါတယ်။

“ Don’t Hit and Just Hug” ခေါင်းစဉ်နဲ့ ဘူဆန်ရဲဌာနက ကျင်းပခဲ့တဲ့ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးအစီအစဉ်မှာလည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဘူဆန်ရဲအရာရှိရဲ့ကျပန်းစကားပြောပြိုင်ပွဲအတွက် တောင်းဆိုမှုကိုလည်းပျော်ရွှင်စွာနဲ့ ပါဝင်ခဲ့ပါတယ်။

၃။ ဆန့်ကျင်ဘက်လိင်စိတ်ပြောင်းနေသူတွေကိုမခွဲခြားဖို့ အတိအလင်းအားပေးခဲ့ပါတယ်။

၂၀၀၃ ခုနှစ်လောက်တုန်းက ကိုရီးယားမှာ ဒီလိုကိစ္စတွေမရှိသေးတာတောင်မှ Jonghyun က ဆန့်ကျင်ဘက်လိင်စိတ်ပြောင်းနေသူတွေကို တန်းတူဆက်ဆံဖို့ ပွင့်ပွင့်လင်းလင်းအားပေးခဲ့တာပါ။ သူ့ရဲ့ twitter မှာတောင် profile picture အနေနဲ့ပိုစတာတစ်ခုတင်ပြီးသူတို့တွေအတွက် တန်းတူအခွင့်အရေးပေးဖို့ ရပ်တည်ပေးခဲ့ပါတယ်။

၄။ သူနဲ့ SHINee အဖွဲ့အပေါ်ချစ်တဲ့ပရိသတ်တွေရဲ့ ချစ်မေတ္တာကိုသူအမြဲနားလည်တယ်။

ပရိသတ်တွေရဲ့ အပြုအမူတွေအပေါ် နားလည်မှုအပြည့်ပေးနိုင်ပြီး ကြင်နာတတ်တယ်လို့ Jonghyun ကိုလူသိများပါတယ်။

၅။ မတရားမှုတွေနဲ့ ကျား/မ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ဖို့သတ္တိရှိရှိရပ်တည်ပေးသူပါ။ သူကပရိသတ်တွေကို နိုင်ငံရေးမှာ တက်တက်ကြွကြွရှိဖို့နဲ့ လူ့အဖွဲအစည်းမှာကျား၊ မခွဲခြားဆက်ဆံတာကိုဆန့်ကျင်ဖို့အားပေးခဲ့သူပါ။ ပြည်သူ့ရေဒီယိုအစီအစဉ်မှာ ကျွန်ပြုခံမိန်းမသားတွေရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ဂျပန်ကိုဖိနှိပ်ပြောဆိုဖို့ အစိုးရရဲ့ကန့်ကွက်ခဲ့မှုအပေါ် အပြင်းအထန်ရှုတ်ချကြောင်းပြောကြားခဲ့ပါတယ်။ “မတ်လ ၁ ရင်နေ့ရောက်တိုင်း ဂျပန်တွေရဲ့ ကျွန်ပြုခံမိန်းမသားအဖြစ်ရောက်ခဲ့တဲ့ ကျွန်တော့်အဖွားအရွယ် မိန်းမသားတွေရဲ့အတိဒုက္ခကလွဲလို့ တခြားအကြောင်းမတွေးမိဘူး။ ဂျပန်အစိုးရကဒီပြသနာကိုမသိချင်ယောင်ဆောင်ထားရင်တောင် ကျွန်တော်တို့အစိုးရကရော ဘယ်လိုဆောင်ရွက်မှာလဲ အရမ်းသိချင်တယ်ဗျာ။”

၆။ လိုအပ်နေတဲ့ နီပေါက ကလေးတွေကိုလည်းအကူအညီပေးခဲ့ပါတယ်။

၂၀၁၅ ဧပြီလမှာ လှုပ်ခတ်ခဲ့တဲ့ နီပေါမြေငလျင်ဒဏ်ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် UNICEF အဖွဲ့ရဲ့ ရန်ပုံငွေပွဲအစီအစဉ်မှာလည်းပါဝင်လှုပ်ရှားခဲ့ပါတယ်။

၇။ ကြွက်သားအကြောဆိုင်းတဲ့ ရောဂါခံစားနေရသူတွေဘက်ကရပ်တည်ပေးခဲ့ပါတယ်။

ALS Ice Bucket ပြိုင်ပွဲမှာပါဝင်ခဲ့ပြီး သူရဲ့ပါဝင်ဆောင်ရွက်ပေးမှုက အကြောဆိုင်းတဲ့ရောဂါကိုခံစားနေရသူတွေအတွက် အထောက်အပံ့ကောင်းဖြစ်ပါစေ လို့ပြောကြားခဲ့ပါတယ်။ ဒီရောဂါအတွက် သုတေသနလုပ်ဖို့လည်းရန်ပုံငွေလှူဒါန်းခဲ့ပါတယ်။

၈။ သဘောၤ နစ်မြုပ်မှုမှာပါသွားခဲ့သူတွေနှင့် သူတို့ရဲ့မိသားစုဝင်တွေကိုလည်း ဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။

သဘောၤ နစ်မြုပ်မှုမှာပါသွားခဲ့တဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို အားပေးခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်ကိုလည်း အလားတူအားပေးဖို့မှာကြားခဲ့ပါတယ်။ သေဆုံးခဲ့ကြတဲ့လူတွေထဲမှာ သူနဲ့မွေးနေ့တူသူတွေကိုလည်းမွေးနေ့ဆုတောင်းစကားလေးတွေပြောပေးပါလို့ပရိသတ်တွေကိုတောင်းဆိုခဲ့သူပါ။

May Moe (ရိုးရာလေး)

Ref : Koreaboo : 8 Heart-Touching Times SHINee’s Jonghyun Protected His Fans

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top