Foundation မသုံးဘဲနူးညံ့ချောမွေ့တဲ့မျက်နှာလေးကိုပိုင်ဆိုင်ရစေဖို့

skinlarge.jpg

Foundation မလိမ်းပဲ နူးညံ့ချောမွေ့တဲ့ အသားအရေလေး ရရှိဖို့ဆိုတာ စိတ်ကူးယဉ်မှုတစ်ခုလိုပဲ ဖြစ်ပါလိမ့်မယ်။

မိတ်ကပ် လိမ်းကျံထားခြင်းမရှိဘဲ အမျိုးသမီးတိုင်း သဘာဝလှပမှု ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကျန်းမာအောင် ဆောင်ရွက်ပေးဖို့တော့ အရေးကြီးပါတယ်။ Foundation မသုံးဘဲ နူးညံ့ချောမွေ့တဲ့ အသားအရေလေး ရရှိဖို့ဆိုရင်တော့ ဖော်ပြပါ နည်းလမ်းလေးတွေ လိုက်နာဖို့တော့ လိုအပ်ပါတယ်။

၁) ရေသောက်ပါ
လူသာများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆ဝ% ဝန်းကျင် ရှိပါတယ်။ ရေကို တစ်နေ့ ၂လီတာခန့် သောက်သုံးပေးခြင်းဟာ ကျန်းမာခြင်းကို ဖြစ်စေရုံသာမကဘဲ ကိုယ့်ရဲ့အသားအရေကိုလည်း စိုပြေစေမှာပဲ ဖြစ်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အဆီများရရှိစေဖို့ ရေအလုံအလောက်သောက်ပေးခြင်းဖြင့်လည်း ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဝက်ခြံထွက်ခြင်းတို့ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၂) အသားအရေစိုပြေစေသော အစားအစာများ စားပါ
Anti-oxidant ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးခြင်းမှ ရရှိလာတဲ့ အကျိုးကျေးဇူးတွေက အများအပြားပါပဲ။ ဒီအကျိုးကျေးဇူးတွေထဲမှာ အသားအရေကြည်လင်တောက်ပစေခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ ဟင်းနုနွယ်၊ သံပရိုသီး၊ ဘလူးဘာ်ရီသီးများ၊ မက်မွန်သီး နဲ့ ငါးတို့ပဲ ဖြစ်ကြပါတယ်။ သင့်ရဲ့ diet plan ထဲမှာ အသီးအရွက်များကို ဖြည့်စွက်ချက်တစ်ခုအနေနဲ့ ထပ်ပေါင်းထည့်ပေးသင့်ပါတယ်။

၃) မိမိရဲ့အသားအရေအကြောင်းကို နားလည်ပါ
မိမိရဲ့ အသားအရေဟာ ဘယ်လိုအသားအရေ အမျိုးအစားဖြစ်ပြီး ဘယ်လိုတုံ့ပြန်မှုတွေ ရှိတတ်တယ်ဆိုတာကို နားလည်သဘောပေါက်ပါစေ။ ရေဓာတ်ဖြည့်ချင်တာပဲ ဖြစ်စေ၊ အဆီပြန်တဲ့ အသားအရေကို ဖယ်ရှားရှင်းလင်း ချင်တာပဲဖြစ်စေ၊ အရေးအကြောင်းတွေကို လျော့နည်းချင်တာပဲ ဖြစ်စေ မိမိရဲ့အသားအရေနဲ့ သင့်လျော် လိုက်ဖက်အဆင်ပြေစေတဲ့ ကုန်ပစ္စည်းကို ရှာဖွေသင့်ပါတယ်။

၄) Exfoliation ပြုလုပ်ပါ
Foundation အသုံးပြုရခြင်းရဲ့ အကောင်းဆုံး အချက်တွေထဲက တစ်ခုကတော့ အသားအရေကို ညီညာအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အသားအရေဟာ ညီညာမှု မရှိဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေမယ် ဆိုရင်တော့ မိတ်ကပ်နဲ့ ဖုံးအပ်ခြင်းဟာ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု မဟုတ်ပါဘူး။ မနက်ခင်းတိုင်းမှာ exfoliation ပြုလုပ်ပေးမယ်ဆိုရင်တော့ အသားအရေ ညီညာခြင်းကို ရရှိစေတဲ့အပြင်အသားအရေကိုလည်း နူးညံ့ချောမွေ့စေပါတယ်။

၅) skin care ပြုလုပ်ခြင်းကို နေ့စဉ် အလေ့အထတစ်ခုအနေနဲ့ ဆောင်ရွက်ပါ
မိမိရဲ့အသားအရေအတွက် အကောင်းဆုံး Cleanser ကို ရှာတွေ့ပြီဆိုရင်တော့ နေ့စဉ် အလေ့အထတစ်ခု အနေနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ မနက်ခင်း အိပ်ရာထချိန်နဲ့ ညဘက် အိပ်ရာမဝင်ခင် တစ်နေ့နှစ်ကြိမ် မိမိရဲ့ အသားအရေကို cleansing လုပ်ပေးသင့်ပါတယ်။ နေ့စဉ်အလေ့အထ တစ်ခုအနေနဲ့ ပြုလုပ်ပေးခြင်းဟာ အသားအရေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး အညစ်အကြေးများနဲ့ အမည်းကွက်တွေကို ဖြစ်စေတဲ့ အဆီပိုတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

Htet Htet Tin Zar (ရိုးရာလေး)
Ref : Beauty : How To Get Flawless Skin With No Foundation

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top