ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် (၁၄) ခုကို (၂) ကြိမ်တိုင် တက်ခဲ့တဲ့ နီပေါနိုင်ငံသား

23-8-2022-yyl-05.jpg

အမြင့်ဆုံးတောင်တွေကို တက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် (၁၄) ခုရှိတာကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ အဲဒီတောင်တွေရဲ့ထိပ်ကို နီပေါနိုင်ငံသားတောင်တက်သမားတစ်ဦးက နှစ်ကြိမ် တက်ခဲ့တာပါ။ သူကတော့ ဆာနူ ဆိုသူပါ။

တောင်တက်သမား ဆာနူက နီပေါနိုင်ငံမှာ တည်ရှိတဲ့ မီတာ ၈၀၀၀ ကျော်မြင့်တဲ့ တောင် (၈) ခု၊ ပါကစ္စတန်က တောင် (၅) ခု နဲ့ တရုတ်က တောင် (၁) ခုတို့ကို တက်ကာ စံချိန်ချိုးခဲ့ပါတယ်။ တောင်တက်သမိုင်းမှာ အခုလိုစံချိန်မှတ်တမ်းမျိုးမရှိခဲ့ဖူးဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၄၈ နှစ်အရွယ် ဆာနူက နီပေါနိုင်ငံ၊ ဆန်ခူဝါဆာဘာခရိုင်ဇာတိဖြစ်ပါတယ်။ ဇူလိုင်လက ၈၀၃၅ မီတာ မြင့်တဲ့ ပါကစ္စတန်နိုင်ငံရဲ့ကာရာကိုရမ်တောင်ထိပ်ကို တက်ခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် (၁၄) ခုလုံးကို (၂) ကြိမ်တိုင် တက်နိုင်ခဲ့တဲ့ ပထမဆုံးတောင်တက်သမားအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။ သူ အောင်မြင်စွာ တောင်တက်ခဲ့ပြီးနောက် ပါကစ္စတန်ကနေ နေရပ်ကို ဩဂုတ်လ ၂၀ ရက်နေ့က ပြန်လာခဲ့ပါတယ်။ သူ့ကို နီပေါနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် မြို့ပြလေကြောင်းဆိုင်ရာဝန်ကြီး ဂျီဗန် ရမ် ရှရက်သာနဲ့လူအများအပြားက ထရီဘူဗန်နိုင်ငံတကာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ဝန်ကြီးဂျီဗန်က ဆာနူကို “ဆာနူက တောင်တက်ကဏ္ဍမှာ မှတ်တမ်းသစ်တစ်ခု ဖန်တီးခဲ့ပါတယ်။ နီပေါနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ”လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

Ref: Nepal’s Sanu Sherpa Scales The World’s 14 Highest Peaks – Twice!

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top