ဖိလစ်ပိုင်မှာ ၂ နှစ်ကျော်ပိတ်ထားတဲ့ ကျောင်းတွေ ပြန်ဖွင့်ပေမဲ့ မုန်တိုင်းကြောင့် တစ်ရက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရ

23-8-2022-yyl30.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ ဖိလစ်ပိုင် စာသင်ကျောင်းတွေကို ပြန်ဖွင့်ပြီး တစ်ရက်အကြာမှာပဲ အပူပိုင်းမုန်တိုင်းကြောင့် ပိတ်ခဲ့ရပါတယ်။ အပူပိုင်းမုန်တိုင်း မာအွန် ( ဖိလစ်ပိုင်နိုင်ငံမှာ ဖလော်ရီတာဟု ခေါ်ဆို)ဟာ သြဂုတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲအချိန်က အစ်ဆာဘယ်လာပြည်နယ် မာကိုနာကွန်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။

အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လူဇွန်ကျွန်း ဒေသအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းလိမ့်မယ်လို့ ဖိလစ်ပိုင်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အာဏာပိုင်တွေက လူ ၅၄၀ ကျော်ကို ခိုလှုံရာနေရာတွေထံ ပို့ဆောင်ပေးခဲ့ပြီး ပြည်နယ် ၄ ခုမှာ ရေကြီးရေလျှံမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံမှာ မူကြိုကနေ အထက်တန်းအဆင့်အထိ ကျောင်းတွေကို ပြန်ဖွင်ခဲ့ပြီး ကျောင်းသား/သူ ၂၈ သန်းကျော် ကျောင်းပြန်တက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မုန်တိုင်းချဉ်းကပ်လာချိန်မှာ မိုးရွာသွန်းပြီး စာသင်ခန်းတွေထဲ ရေဝင်လာလို့ အင်္ဂါနေ့မှာတော့ ကျောင်းတွေ ပြန်ပိတ်ခဲ့ရတာပါ။

Ref: Philippines returns to school for just one day as storm forces classrooms in north to close again

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top