၃၉ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ သီချင်းသစ်တစ်ပုဒ်ထွက်ရှိပေးခဲ့တဲ့ ဘရီတနီ စပီးယား

3-11-2020-yyl-008.jpg

တစ်ချိန်တစ်ခါက အရမ်းနာမည်ကြီးခဲ့အဆိုတော် ဘရီတနီ စပီးယား (Britney Spears) ဟာ မနေ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ၃၉ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲရင်းနဲ့ သူ့ရဲ့ချစ်ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့ပါတယ်။ ဒီလက်ဆောင်ကတော့ ပရိသတ်တွေ မမျှော်လင့်ထားခဲ့တဲ့ သီချင်းလက်ဆောင်ပါပဲ။ RCA Records က ဘရီတနီ စပီးယားရဲ့ သီချင်းအသစ် “Swimming in the Stars” ကို ဒီဂျစ်တယ်ဂီတထုတ်လွှင့်မှုဝန်ဆောင်မှုအားလုံးမှာ မနေ့က ထွက်ရှိပေးခဲ့ပါတယ်။

‘ဒီသီချင်းကို အစက (၉) ခွေမြောက်ဖြစ်တဲ့ ၂၀၁၆ခုနှစ်ရဲ့ Glory အယ်ဘမ်အတွက် အသံသွင်းခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဒီသီချင်းကို Urban Outfitters မှာ သီးသန့်ဓာတ်ပြားတစ်ခုအဖြစ်လည်းရရှိနိုင်ပါတယ်။ သီချင်းဓာတ်ပြားကို အွန်လိုင်းကနေ အော်ဒါမှာယူမှုကိုတော့ ဇန်နဝါရီ ၁၅ ရက်နေ့မှ ပို့ဆောင်ပေးသွားဖို့ မျှော်လင့်ရပါတယ်။ “Swimming in the Stars” အပြင် ဘရီတနီရဲ့တရားဝင်ဝက်ဆိုက်က ၂၀၁၆ခုနှစ်အယ်ဘမ် “Glory” ကို ဓာတ်ပြားအနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့အခွေကိုလည်း ရောင်းချနေပါတယ်။ အခု ကြိုတင်မှာယူလို့ရပြီး ဒီဇင်ဘာ ၄ ရက်နေ့ကျမှ ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

“Glory” ဓာတ်ပြားချပ်မှာ မူရင်းအယ်ဘမ်က သီချင်း ၁၇ ပုဒ်လုံးအပြင် မထွက်ရှိခဲ့တဲ့ သီချင်း (၂) ပုဒ်နဲ့ “Mood Ring” သီချင်း Remix ဗာရှင်းတစ်ပုဒ်လည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက သီချင်းတွေကို တွဲဖက်ရေးသားထုတ်လုပ်ပေးခဲ့တဲ့ ဟီလာရီဒက်ဖ်ရဲ့ခင်ပွန်း တေးရေးဆရာ မက်သရူး ကိုမာ (Matthew Koma) ကလည်း နောက်ဆုံးတော့ ဒီသီချင်းကို မြင်တွေ့ရပြီလို့ ဆိုပါတယ်။ ဘရီတနီရဲ့သီချင်းတစ်ပုဒ်ထွက်တယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့အင်စတာဂရမ်မှာ ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ဘရီတနီကလည်း “အရာအားလုံးအတွက် ကျေးဇူးအရမ်းတင်ပါတယ်” လို့လည်း ကွန်မန့်ပေးထားပါတယ်။

ဘရီတနီရဲ့ပရိသတ်တွေကတော့ သီချင်းအသစ်နားထောင်ရဖို့ (၄) နှစ်စောင့်ဆိုင်းပြီးတဲ့နောက်မှာ အခုဆိုရင် “Swimming in the Stars” သီချင်းအသစ်ကို အွန်လိုင်းကနေ ထပ်ခါထပ်ခါ နားဆင်နိုင်ပါပြိ။

Ref: ABCNews “New Britney Spears song ‘Swimming in the Stars’ released”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top