ကုန်ကျစရိတ်အများဆုံး ကိုရီးယားဇာတ်လမ်းတွဲများ

feature-image.png

ကိုရီးယားထုတ်လုပ်ရေးတွေကလည်း ငွေအများကြီးအကုန်ကျခံကာ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးကြပါတယ်။ အက်ရှင်ဇာတ်လမ်းတွဲနဲ့ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းတွဲတွေက ရိုက်ကွင်းနေရာနဲ့ အထူးပြုလုပ်ချက်တွေအတွက် ကုန်ကျစရိတ်ပိုသုံးပေးဖို့ လိုအပ်ပါတယ်။ တချို့ဇာတ်လမ်းတွဲတွေကို ကိုရီးယားမှာတင်ရိုက်ကူးတာမဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း သွားရောက်ရိုက်ကူးရပါတယ်။ အဲဒီတွေအတွက်ကြောင့်ရော ပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေကိုလည်း ထိုက်တန်တဲ့ အနုပညာကြေးပေးရတဲ့အတွက်ကြောင့်ပါ ဇာတ်လမ်းတွဲတွေရိုက်ကူးတဲ့အခါမှာ ကုန်ကျစရိတ်အရမ်းများပါတယ်။ အဲဒီလို ကုန်ကျစရိတ်များတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကမှ ထိပ်ဆုံး (၆) ကားကို ဖော်ပြပေးလိုက်ရပါတယ်။

၆ “Hotel Del Luna”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၂၀ ဘီလျံ)
(ဒေါ်လာ ၁၇ သန်းကျော်)

ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့နှစ်မှာ လူကြိုက်များခဲ့တဲ့ ဒရာမာပါ။ အိုင်ယူနဲ့ ယိုဂျင်ဂို တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ဝင်ခန်းများစွာ ပါဝင်တဲ့အတွက် အထူးပြုလုပ်ချက်တွေ သုံးထားရပါတယ်။ အဲဒါအပြင် မတူညီတဲ့ရိုက်ကွင်းနေရာတွေ၊ ဧည့်သည်သရုပ်ဆောင်တွေ၊ ဈေးကြီးတန်ဝတ်စုံတွေလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းတွဲကို ဝမ် ၂၀ ဘီလျံ ကုန်ကျခံကာ ရိုက်ကူးခဲ့ရပါတယ်။

၅ “Vagabond”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၂၅ ဘီလျံ)
(ဒေါ်လာ ၂၁ သန်းကျော်)

ဒီဇာတ်လမ်းတွဲက လီဆောင်ဂီ၊ ဆူဇီတို့ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားပါ။ ဇာတ်လမ်းတွဲရဲ့တစ်စိတ်တစ်ပိုင်းကို မော်ရိုကိုနိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ရိုက်ကူးခဲ့တာပါ။ နိုင်ငံခြားသွားရိုက်ရပြီး အက်ရှင်ခန်းတွေလည်း အများကြီးပါဝင်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေကိုလည်း သုံးထားပါတယ်။ အဲဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲအတွက် ဝမ် ၂၅ ဘီလျံကုန်ကျခံခဲ့ရပါတယ်။ ကုန်ကျစရိတ်အများကြီးသုံးထားတယ်လို့ပြောရလောက်အောင် တကယ်ကောင်းတဲ့ဇာတ်လမ်းတွဲပါ။ ဒုတိယတွဲကိုလည်း ရိုက်ကူးနေပြီး မကြာမီ ထုတ်လွှင့်ပြသတော့မှာပါ။

၄ “Mr. Sunshine”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၃၀ ဘီလျံ)
(ဒေါ်လာ ၂၆ သန်းကျော်)

ဒီဇာတ်လမ်းတွဲက နာမည်ကြီးမင်းသား လီဗြောင်ဟွန်းနဲ့ တက်သစ်စမင်းသမီး ကင်တေးရီတို့ ပါဝင်ထားတဲ့ သမိုင်းနောက်ခံဒရာမာဖြစ်ပါတယ်။ သမိုင်းနောက်ခံနဲ့ အထူးပြုလုပ်ချက်တွေ၊ သရုပ်ဆောင်လီဗြောင်ဟွန်းရဲ့အနုပညာကြေးအပါအဝင် (ဝမ် ၃၀ ဘီလျံ) ကုန်ကျခံခဲ့ရပါတယ်။ ကုန်ကျစရိတ်အများကြီးသုံးထားတာနဲ့တန်အောင် ဒီဇာတ်လမ်းတွဲအရည်အသွေးမြင့်တဲ့အတွက်လည်း လူတော်တော်များများက ချီးကျူးခဲ့ကြပါတယ်။

၃ “The King: Eternal Monarch”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၃၀ ဘီလျံ)
(ဒေါ်လာ ၂၆ သန်းကျော်)

အခုနှစ်ထဲ ထုတ်လွှင့်ပြသပြီးခဲ့တဲ့ ဒီဇာတ်လမ်းတွဲက စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ လီမင်ဟို နဲ့ကင်ဂိုအွန်တို့က အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲက အက်ရှင်ခန်းနဲ့ စိက်ကူးယဉ်ဆန်တဲ့အပိုင်းတွေအတွက် အထူးပြုလုပ်ချက်တော်တော်များများသုံးရပါတယ်။ လီမင်ဟို အသုံးပြုခဲ့တဲ့ ဈေးကြီးတန်ကားတွေ၊ ရဟတ်ယာဉ်၊ သင်္ဘောတွေအတွက်လည်း ကုန်ကျစရိတ်များခဲ့ပါတယ်။ အဲဒါတွေအပြင် နာမည်ကြီးသရုပ်ဆောင်တွေသုံးထားတဲ့အတွက်လည်း ကုန်ကျစရိတ်က ဝမ် ၃၀ ဘီလျံဖြစ်ခဲ့ပါတယ်။

၂ “Kingdom”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၃၀ ဘီလျံ)
(ဒေါ်လာ သန်း ၃၀ ကျော်)

“Kingdom” ဇာတ်လမ်းတွဲက ဂျိုဆွန်းခေတ်ကို အခြေတည်ထားတဲ့ ဇွန်ဘီတွေနဲ့ နန်းတွင်းဇာတ်ကားပါ။ ဂျိုဂျီဟွန်း ၊ယူဆောင်းယောင်၊ ဘေဒိုးနာတို့ အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲက Season (၂) ခုရှိပြီး Season (၁) ခုကို (၆) ပိုင်းစီနဲ့ အပိုင်း (၁၂) ပိုင်းပါဝင်ပါတယ်။ အပိုင်း (၁၂) ပိုင်းလုံးရိုက်ကူးဖို့အတွက် ဒေါ်လာ သန်း၃၀ ကျော်ကုန်ကျခဲ့ပါတယ်။ နောက်ထပ် Season တွေလည်း ရိုက်ကူးဖို့ ရှိပါသေးတယ်။

၁ “Arthdal Chronicles”

ကုန်ကျစရိတ် – ခန့်မှန်းခြေ (ဝမ် ၅၄ ဘီလျံ)
(ဒေါ်လာ ၄၇ သန်းကျော်)

“Arthdal Chronicles” ဇာတ်လမ်းတွဲကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသဘာဝလွန်သမိုင်းနောက်ခံဇာတ်လမ်းတွဲပါ။ ဒီဒရာမာမှာ နာမည်ကြီးသရုပ်ဆောင်မင်းသားတွေဖြစ်တဲ့ ဆောင်ဂျွန်ကီနဲ့ ဂျန်ဒေါင်ဂန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို Season (၃) ခုနဲ့ Season (၁) ခုကို အပိုင်း (၆) ပိုင်းစီ ခွဲပြီးရိုက်ကူးထားပါတယ်။ လက်ရှိမှာတော့ Season (၃) ခုပဲရှိပါသေးတယ်။ နောက်ထပ် Season တွေကိုတော့ အတည်မပြုသေးပါဘူး။ ရှိရင်လည်း ရှိလာနိုင်ပါတယ်။

Season (၂) အထိ ထုတ်လွှင့်ပြသပြီးပါပြီ။ Season (၃) ကိုတော့ နောက်နှစ်ထဲ ထုတ်လွှင့်ပြသမှာပါ။ ဒီဇာတ်လမ်းတွဲရဲ့တစ်စိတ်တစ်ပိုင်းကို ဘရူနိုင်းမှာ ရိုက်ကူးခဲ့ပြီး တချို့ကိုတော့ ကိုရီးယားနိုင်ငံက အူဆန်မြို့မှာ ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးရေးနေရာက ကြီးမားတဲ့အတွက် ကုန်ကျစရိတ်တော်တော်များပါတယ်။ အပိုင်း(၁) ပိုင်းကို ခန့်မှန်းခြေ ဝမ် (၃) ဘီလျံ ကုန်ကျခံရိုက်ကူးထားပါတယ်။

Ref: Korean Dramas With Highest Production Cost

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top