မိုးရေကို လျှပ်စစ်စွမ်းအင်အဖြစ် အသွင်ပြောင်းမယ့်နည်းလမ်းသစ်ကို စင်ကာပူသုတေသီတွေ ဖန်တီး

မငေည.jpg

စင်ကာပူနိုင်ငံမှ သုတေသီတွေကတော့ မိုးရေကို လျှပ်စစ်စွမ်းအင်အဖြစ် အသွင်ပြောင်းမယ့် နည်းလမ်းသစ်တစ်ရပ်ကို ဖန်တီးခဲ့ပြီး အစဉ်အလာ အသုံးပြုနေကြဖြစ်တဲ့ ရေအားလျှပ်စစ်ထက် ၁၀ ဆ ပိုမိုထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

ဒီနည်းလမ်းသစ်ဟာ အိမ်ခေါင်မိုးတွေ၊ ပြတင်းပေါက်တွေနဲ့ မိုးရေ ထိမှန်တဲ့ မျက်နှာပြင်အားလုံးမှာ တပ်ဆင်အသုံးပြုနိုင်တာကြောင့် ပုံမှန် မိုးရွာလေ့ရှိတဲ့ စင်ကာပူနိုင်ငံအတွက် ကိုက်ညီမယ်လို့ တွက်ဆထားကြပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်မှ သုတေသီတွေ ဖန်တီးခဲ့တဲ့ ဒီနည်းလမ်းသစ်ဟာ ပြွန်ချောင်းကိုအခြေခံတဲ့ plug flow ပုံစံ ဖြစ်ပါတယ်။ ၃၂ စင်တီမီတာ ရှည်လျားတဲ့ ဒေါင်လိုက်ပြွန်နဲ့ သရုပ်ပြမှုအရ ပြွန်ကို ဖြတ်သန်းစီးဆင်းတဲ့ မိုးရေစက်တွေဟာ ပြွန်နံရံနဲ့ ပွတ်တိုက်စီးဆင်းရာကနေ လျှပ်စစ်စီးနေတဲ့ ရေမှုန်ရေမွှားတွေ ဖြစ်လာပြီး လျှပ်စစ်စီးကြောင်း ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

Ref: New Singapore invention turns raindrops into electricity—just one droplet at a time

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top