မျက်နှာပြင်အပြည့်ခေတ်ရဲ့ ကြိုးဝိုင်းစင်မြင့်ပေါ် တက်လာတဲ့ နောက်ထပ် ပြိုင်ပွဲဝင်တစ်ဦး

OPPO-F5-Youth-2.JPG

စမတ်ဖုန်းဆိုတာ ဒီခေတ်မှာ လူတွေနဲ့ ကင်းကွာလို့ မရတော့ပါဘူး။ မရှိမဖြစ် ပစ္စည်းတစ်ခုလိုတောင် ဖြစ်လာခဲ့ပါပြီ။ ဒီတော့ စမတ်ဖုန်းကုမ္ပဏီတွေကလည်း ဒီ ဈေးကွက်ကြီးထဲမှာ ကိုယ့်ပစ္စည်းကို ဝယ်ယူသုံးစွဲသူတွေ ပိုမိုသဘောကျစေဖို့ အတွက် နည်းပညာ အသစ်အဆန်းတွေနဲ့ အပြိုင်အဆိုင် ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားကြတယ်။ ဝယ်သူဘက်ကလည်း ဒါကို အခွင့်အရေးယူပြီး ကိုယ့်အကြိုက်ဆုံး၊ ကိုယ်နဲ့ အကိုက်ညီဆုံး ဖုန်းကို ဝယ်ယူသုံးစွဲကြတာပါပဲ။

အခုအချိန်ပိုင်းတွေကတော့ မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေရဲ့ ခေတ်ပါ။  မျိုးဆက်သစ် စမတ်ဖုန်းတွေမှာ ဘေးဘောင်ဟာ ကျဉ်းသထက် ကျဉ်းသွားပြီး screen size က ပိုပိုကျယ်လာပါတယ်။ အားသာချက်အနေနဲ့ ဂိမ်းဆော့တာတွေ၊  ရုပ်ရှင်ကြည့်တာတွေ၊ ဓာတ်ပုံရိုက်ကူးချိန်ဆတာတွေ၊ စတာတွေမှာ အများကြီး ပို အားရစရာ ကောင်းလာတာပါပဲ။

ဒီလို မျက်နှာပြင်အပြည့်ခေတ် စမတ်ဖုန်းတွေ ပြိုင်ဆိုင်နေကြတဲ့ အချိန်မှာ အသစ်ထပ်ရောက်ရှိလာတဲ့ စမတ်ဖုန်းတစ်လုံးက OPPO ရဲ့ F5 Youth (6” FHD+) စမတ်ဖုန်းပါ။ မြန်မာဈေးကွက်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကတင် လောလောလတ်လတ် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ F5 Youth စမတ်ဖုန်းသစ်ကို နိုဝင်ဘာလ ၁၆ရက်က နိုဝင်ဘာလ ၂၃ရက်အထိ မြန်မာတစ်နိုင်ငံလုံးက OPPO Showroom နှင့် OPPO အရောင်းဆိုင် ၁ဝဝဝ တို့မှာ Pre-order အဖြစ် ငွေ ၃သောင်းကျပ် ပေးသွင်းမှာယူနိုင်ပြီး အထူးလက်ဆောင်အနေနဲ့ OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ် တစ်လုံးကို လက်ဆောင်အဖြစ် ရရှိမယ်လို့ သိရပါတယ်။  စတင်ရောင်းချပေးမယ့် နိုဝင်ဘာလ ၂၅ (မန္တလေး)နဲ့ နိုဝင်ဘာလ ၂၆ (ရန်ကုန်နှင့် မြန်မာတစ်နိုင်ငံလုံး) တို့မှာလည်း နောက်ထပ် အပိုဆောင်းလက်ဆောင်တွေကို ပေးအပ်သွားမှာပါ။ F5 Youth ကို ရွှေရောင်နှင့် အနက်ရောင်၂မျိုးထဲက ရွေးချယ်ဝယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ ၃၁၉,ဝဝဝ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

OPPO က မိတ်ဆက်ပေးလိုက်တဲ့ F5 Youth စမတ်ဖုန်းမှာ Full Screen နဲ့ အတူ ပုံမှန်ထက် ရုပ်ထွက် အရည်အသွေး ပိုမိုမြင့်မားတဲ့ 18:9 aspect ratio ရှိ 6-inch FHD+ (2160×1080) ကို အသုံးပြုပေးထားပါတယ်။ ကင်မရာပိုင်းမှာ ထူးခြားဆန်းသစ်တဲ့  A.I Beauty Technology ထည့်သွင်းထားတဲ့ 16MP Selfie ကင်မရာနဲ့ 13MP နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။ unlock လုပ်ဆောင်ရာမှာ ပုံမှန်အတိုင်း Fingerprint၊ Password၊ Pattern Lock တွေအပြင် ပိုမိုလွယ်ကူ အဆင်ပြေစေမယ့် မျက်နှာနဲ့ ဖုန်းဖွင့်ပေးနိုင်တဲ့ Facial Unlock ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core 2.5GHz CPU နှင့်အတူ RAM 3GB တို့ကို ပူးတွဲလုပ်ဆောင်ပေးမှာ ဖြစ်ပြီး အချက်အလက် သိုလှောင်မှုအတွက် 32GB ROM တစ်ပါတည်း ပါရှိမှာဖြစ်ပါတယ်။ OPPO ရဲ့ နောက်ဆုံးထုတ် ColorOS 3.2 နဲ့ အတူ Android Version 7.1 ကိုလည်း F5 Youth ဖုန်းတွင် ထိတွေ့အသုံးပြုရမယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top