အရည်အသွေးကောင်းပြီး တန်ဖိုးသင့်တဲ့ Asus ဘတ်ဂျက် မော်နီတာ

387F0935F9B9966618E6F766638EA5A4CDA6E8FE.jpg

ဘတ်ဂျက် မော်နီတာ တစ်ခုဖြစ်တဲ့ ၂၃လက်မအရွယ် Asus 1080p မော်နီတာလေးကို ဒေါ်လာ ၁၀၀ကျော်လေးနဲ့ ဝယ်လို့ရမှာဖြစ်တဲ့အပြင် ပေးရတဲ့ဈေးနဲ့ ရမယ့် အရည်အသွေးက တန်နေတော့ ပြန်လည်သုံးသပ်မှုလေး ရေးပေးလိုက်ပါတယ်။ ဒါဆိုရင် ဘာမှမသိလို့ မဝယ်ရဲတာမျိုး၊ တကယ် အဆင်ပြေတာလား သိချင်တာမျိုးတွေအတွက် အဆင်ပြေနိုင်သွားမှာပါ။

ဒီ Asus မော်နီတာရဲ့ မော်ဒယ်နံပါတ်ကတော့ VZ239H ဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၂၃လက်မ ရှိပါတယ်။ IPS အမျိုးအစားဖြစ်ပြီး 1920×1080 resolution ရှိပါတယ်။ Pixel pitch ကတော့ 0.265mm ဖြစ်တယ်လို့ သိရပါတယ်။ Brightness နဲ့ Contrast level တွေကို ညှိလို့ရတဲ့အပြင် Blue light filter လည်း ပါဝင်တော့ အလင်းရောင်ကြောင့် မျက်လုံးထိခိုက်မှာ မပူရတော့ပါဘူး။

၂၃လက်မအရွယ် မော်နီတာတွေထဲမှာ သူက ပါဝါသုံးစွဲမှု အတော်နည်းတယ်လို့ ပြောလို့ရပါတယ်။ အောက်ခြေဘောင်က 33mm ရှိပေမယ့် ကျန်တဲ့ ဘေးဘောင်တွေက 7mm သာ ရှိတဲ့အတွက် သတ္တုဘောင်ပါးပါးလေးနဲ့ တကယ်ကို ကြည့်ကောင်းပါတယ်။ မော်နီတာအချင်းချင်း ချိတ်ဆက်တဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။

Input/Output ချိတ်ဆက်မှုအတွက် HDMI ရယ်၊ D-Sub ရယ် ပါတယ်။ VGA ချိတ်လို့ရပါတယ်။ 1.5W စတူဒီယို စပီကာနှစ်လုံးကလည်း သူ့အတိုင်း သုံးရင်တောင် အဆင်ပြေပါတယ်။ အနိမ့်၊ အမြင့်နဲ့ ဘယ်၊ ညာ ချိန်ညှိလို့ မရတာကတော့ ခြွင်းချက်ပါ။ Anti-motion blur မပါဝင်တဲ့အတွက် လှုပ်ရှားမှုကို အသားပေးတဲ့ ဂိမ်းတွေမှာ အဆင်မပြေတာကလွဲရင် ကျန်တဲ့အပိုင်းတွေက တကယ်ကို အဆင်ပြေပါတယ်။

ဒါကြောင့် မော်နီတာတစ်လုံးအတွက် ပိုက်ဆံ အများကြီး အကုန်အကျလည်း မခံချင်၊ အရည်အသွေးကောင်းတာလေးလည်း လိုချင်လို့ ရှာနေရင်တော့ ဒီဇိုင်းပိုင်း၊အရည်အသွေးပိုင်းနဲ့ ဈေးနှုန်းပိုင်းတွေပါ အတော်လေး အဆင်ပြေတဲ့ ဒီ Asus မော်နီတာလေးကို ဝယ်သင့်တယ်ဆိုတာ အကြံပေးလိုက်ပါရစေ။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top