April Fool နေ့ သတင်းစာကြော်ငြာကို ယုံလို့ BMW ကားအသစ်တစ်စီး အခမဲ့ ရရှိခဲ့သူ

စေမငူ.jpg

နယူးဇီလန်နိုင်ငံရဲ့ BMW Newmarket ကားအရောင်းပြခန်းက New Zealand Herald သတင်းစာမှာ ကြော်ငြာတစ်ပုဒ် ထည့်လိုက်တယ်။ ”April Fool နေ့ အထူးအစီအစဉ်” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းစာ မျက်နှာဖုံး ကြော်ငြာထဲမှာ ” April Fool နေ့ကျရင် ဒီစာရွက် ယူပြီး ကားအရောင်းပြခန်းဆီ ပထမဆုံး ရောက်လာသူအတွက် ကားအဟောင်းကို ကားအသစ်နဲ့ အခမဲ့ လဲလှယ်ပေးမယ်”လို့ ရေးထားတာပါ။

ဒါပေမဲ့ April Fool နေ့ ဟာသလုပ်တာလို့ပဲ ထင်ကြတာကြောင့် လူတွေက BMW Newmarket ကားအရောင်းပြခန်းကို မလာကြပါဘူး။ တိုင်ယာနာမာ့ရှ်လို့ အမည်ရတဲ့ အမျိုးသမီးကတော့ ၁၅ နှစ်သက်တမ်းရှိတဲ့ သူ့ရဲ့ကားအဟောင်းကို မောင်းလာပြီး သတင်းစာ ကြော်ငြာ လာပြခဲ့တာကြောင့် (အဲဒီအချိန်က နယူးဇီလန်ဒေါ်လာ ၅၀၀၀၀ တန်ကြေးရှိတဲ့ BMW ကားသစ်တစ်စီး လက်ဆောင် ရရှိခဲ့ပါတယ်။ )

BMW Newmarket ကားအရောင်းပြခန်းဟာ တိုင်ယာနာမာ့ရှ်ရဲ့ ကားအဟောင်းကိုတော့ မသန်စွမ်း ကလေးငယ်များ ရန်ပုံငွေအတွက် လေလံတင် ရောင်းချခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ၂၀၁၅ ခုနှစ်က နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

Ref: New Zealand: Reverse April Fool nets woman luxury car

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top