တိုက်စစ်မှုး နေမာ ဥရောပရောက်ဘရာဇီး အကောင်းဆုံးသမားအဖြစ်ရွေးချယ်ခံရ

brasil-argentina-eliminatorias-sudamericanas-10112016_13xrrlc379rrd1jb7vms97t7gw.jpg

ပီအက်ဂျီ တိုက်စစ်မှုး နေမာဟာ လီဗာပူး ကွင်းလယ်လူ ကော်တင်ဟို၊ ရီးရဲမက်ဒရစ်နောက်ခံလူ မာဆယ်လို ကိုကျော်ဖြတ်ပြီး ဥရောပရောက်ဘရာဇီး အကောင်းဆုံး ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ စပိန်လာလီဂါ ဘာစီလိုနာ နဲ့ ပြင်သစ် ပီအက်ဂျီအတွက်ခြေစွမ်းပြ ကစားနိုင်ခဲ့လို့အကောင်းဆုံးရွေးချယ်ခံရတာဖြစ်ပါတယ်။ အဆိုပါ ဆုကို ပရိသတ်တွေ၊ ကစားသမားဟောင်းတွေနဲ့ ဂျာနယ်လစ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး တိုက်စစ်မှုးနေမာ က ဆန္ဒမဲအားလုံးရဲ့ ၂၇ ဒသမ ၇၁ ရာခိုင်နှုန်းရရှိကာ ဥရောပရောက်ဘရာဇီး တစ်နှစ်တာ အကောင်းဆုံး ကစားသမာအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူ ကော်တင်ဟိုကတော့ ဆန္ဒမဲ ၁၆ ဒသမ ၆၄ ရာခိုင်နှုန်း၊ ရီးရဲမက်ဒရစ်နောက်ခံလူ မာဆယ်လိုက ဆန္ဒမဲ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းရခဲ့တယ်လို့သိရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေကာလအတွင်းမှာ ဘာစီလိုနာကနေ ပီအက်ဂျီအသင်းဆီ ကမ္ဘာစံချိန်တင်ပြောင်းရွေကြေး ပေါင် ၁၉၈ သန်းနဲ့ပြောင်းခဲ့ပြီးနောက် အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ်ရှိတိုက်စစ်မှုး နေမာ ဟာ နောက်ဆုံး ၄ နှစ်အ တွင်း ဥရောပရောက် ဘရာဇီး ကစားသမားများထဲက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ၃ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Dailystar : Neymar win Brazilian award

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top