UFC ကစားသမားဟောင်း ရိုဒရီဂိုဒီလိုင်မာ ကားတိုက်ခံရလို့ သေဆုံး

ff3.jpg

UFC ကစားသမားဟောင်း ရိုဒရီဂိုဒီလိုင်မာဟာ သူ့ရဲ့မွေးရပ်မြေ ဘရာဇီးမှာ ကားနဲ့တိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုင်မာဟာ ဘရာဇီးနိုင်ငံ ဘီလမ်မြို့က ဓာတ်ငွေ့အရောင်းဆိုင်မှာ Uber ယာဉ်မောင်းနဲ့ ဆွဲလားရမ်းလားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဒီလိုင်မာက ကားထဲက ထွက်လာချိန်မှာ Uber ယာဉ်မောင်းက သူ့ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ဒီလိုင်မာက သူငယ်ချင်းတွေနဲ့အတူ Uber ကားငှားစီးလာတုန်း ယာဉ်မောင်းနဲ့ အချင်းများခဲ့တာလို့ဆိုပါတယ်။ အခုချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေကတော့ Uber ယာဉ်မောင်းကို ရှာဖွေနေပြီး အချင်းများရတဲ့ အသေးစိတ်အကြောင်းရင်းကို စုံစမ်းနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top