မေဂျာလိဂ်သမိုင်းမှာ လက်မှတ်ခ အမြင့်ဆုံးပွဲ

1.9.23-yyl-၁၃.jpg

လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် အင်တာမိုင်ယာမီနဲ့ လော့စ်အိန်ဂျလိစ်အက်ဖ်စီပွဲစဉ်ကတော့ မေဂျာလိဂ်သမိုင်းတစ်လျှောက် လက်မှတ်ခ အမြင့်ဆုံးပွဲစဉ် ဖြစ်လာတော့မှာပါ။ နယူးယော့ခ်မြို့အခြေစိုက် အွန်လိုင်းလက်မှတ် အရောင်းဝက်ဘ်ဆိုက် TickPick ရဲ့ ဖော်ပြချက်အရ အဲဒီပွဲစဉ်ရဲ့ ပျမ်းမျှလက်မှတ်တစ်စောင် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆၉၀ အထိ ရှိနေပါတယ်။

အင်တာမိုင်ယာမီအသင်းထံ မက်ဆီ မရောက်ခင်က မေဂျာလိဂ်ပွဲစဉ်တစ်ပွဲရဲ့ လက်မှတ်ခက ဒေါ်လာ ၁၁၀ ဝန်းကျင်သာ ရှိပြီး (မက်ဆီ ရောက်လာပြီးနောက်) လက်မှတ်ခတန်ဖိုး ၅၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။

လော့စ်အိန်ဂျလိစ်အက်ဖ်စီဟာ မေဂျာလိဂ်မှာ လူကြိုက်အများဆုံး အသင်းတစ်သင်း ဖြစ်ပေမဲ့ မက်ဆီ ရောက်မလာခင်ကဆို သူတို့အသင်း ပွဲစဉ်လက်မှတ်တစ်စောင်ဟာ ၁၅၁ ဒေါ်လာနှုန်းပဲ ရှိပြီး အခုထက်စာရင် ၈၀ ရာခိုင်နှုန်း ဈေးသက်သာခဲ့ပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top