အမျိုးသမီးအဆိုတော် Heize ဆေးရုံတက်နေရ

hez.png

တောင်ကိုရီးယား အမျိုးသမီး အဆိုတော် တစ်ဦးဖြစ်တဲ့ Heize ဟာ လက်ရှိအချိန်မှာဆေးရုံတက်နေရပြီး ခွဲစိတ်ကုသမှု လုပ်မ လုပ်ကိုဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ သူမဟာ ဒီဇင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ 2017 SBS Gayo Daejun ပွဲမှာ အားနည်းကာ သတိမေ့ ခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။

 အဆိုပါ ပွဲမှာ မေ့မြောမှုမဖြစ်ခင် သူမ ဟာ အော့အန်ပြီး ကိုယ်လက်မအီမသာဖြစ်နေကာ နေမကောင်းဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

Heize နဲ့ နီးစပ်သူတစ်ဦးက Heize ဟာ အလုပ်အစီအစဉ်တွေများလွန်းတာကြောင့် သူရဲ့ကျန်းမာရေးကို ထိခိုက်စေသလိုဖြစ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒါအပြင် သူရဲ့အာခံတွင်း ပိုင်း ဟာ အရင်ထက် ဆိုးရွားမှုတွေရှိနေတာကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ရဖွယ်ရှိနေတယ်လို့လည်း နီးစပ်သူတစ်ဦးကပြောခဲ့ပါတယ်။ ဒါအပြင် သူမရဲ့ကျန်းမာရေး အခြေနေတိုးတက်မှုကိုလေ့လာသွားမှာဖြစ်ပြီး ခွဲစိတ်ဖို့ လုပ်မလုပ်ကိုလည်းဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အခုလိုမျိုးဖြစ်ရပ်တွေကြောင့် အဆိုတော် Heize ဟာ သူမရဲ့ဂီတ အနုပညာ အစီစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref: https://www.soompi.com/2017/12/25/heize-rushed-hospital-fainting-may-undergo-surgery

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top