အခမဲ့လာရောက်လည်ပတ်နိုင်တဲ့ မြကျွန်းသာသြင်္ကန်ပွဲတော်

ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာမှာကျင်းပမယ့် မြကျွန်းသာသြင်္ကန်ကို ဧပြီ (၁၃) ရက်နေ့ကနေ ဧပြီ (၁၆) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

မြကျွန်းသာသြင်္ကန်မှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး မြကျွန်းသာတစ်လျှောက် လမ်းလျှောက်သြင်္ကန်ပွဲတော်ဆင်နွှဲနိုင်ဖို့အတွက် ရေကစားမဏ္ဍပ်ငယ်တွေ၊ အလှဆင်ပန်းတွေ၊ ထီးတွေကို သြင်္ကန်သကေတအရုပ်တွေအဖြစ် အလှဆင်ထားမှာဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော်တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း စတဲ့အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် ရေကစားမယ့်သူတွေအတွက် ပျော်ရွှင်စရာဂိမ်းအစီအစဉ်နဲ့၊ ကံစမ်းမဲအစီအစဉ်တွေလည်း ရှိနေပါတယ်။ ဒါ့အပြင် သြင်္ကန်ကာလနဲ့ကိုက်ညီတဲ့ အစားအစာတွေနဲ့ တိုင်းရင်းသားရိုးရာအစားအစာ တွေကိုပါ ဝယ်ယူစားသောက်နိုင်မှာဖြစ်ပါတယ်။

မြကျွန်းသာသြင်္ကန်ကာလအတွင်း ဖျော်ဖြေရေးပုံရိပ်တွေကို အများပြည်သူ တိုက်ရိုက်ကြည့်ရှုနိုင်အောင် Channel K က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top