Game of Thrones ထဲက ဂျွန်စနိုး (Jon Snow)

maxresdefault-3.jpg

ထင်ရှားသောစကား

“ဘုရင်ကိုများများပေးဆပ်လေသူကပိုပြီးလိုချင်လာလေပဲ။ ငါတို့ဘဝက ဘေးနှစ်ဘက်မှာ ချောက်ကြီးပဲရှိတဲ့ ရေခဲတံတားလေးပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ ဘုရင်တစ်ယောက်ထဲကို ကျေနပ်အောင်လုပ်ပေးရတာပဲ ခက်ခဲလှပြီ။ ဘုရင်နှစ်ယောက်ရဲ့အလိုကိုလိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ”

ဂျွန်စနိုးရဲ့အကြောင်းကိုကြည့်မယ်ဆိုရင် သူ့ဘဝဟာ မွေးစကတည်းက ရှုပ်ထွေးတာကိုမြင်ရမှာပါ။ သူ့ကို Game of Thrones အစမှာ နဒ်စတာ့ခ်ရဲ့ (Ned Stark) ရဲ့ တရားမဝင်သားလို့သာသိထားကြပေမဲ့ Season (7) အဆုံးမှာတော့ ရေဂါတာဂေးရီးယန်း (RhaegarTargaryen) နဲ့ လီယန်နာစတာ့ခ် (Lyanna Stark) တို့ရဲ့သားအဖြစ် ဖော်ပြသွားပါတယ်။ ဒါကြောင့် ဂျွန်ရဲ့အကြောင်းကို ပြောမယ်ဆိုရင် သူ့ရဲ့မိဘတွေကနေ စရပါလိမ့်မယ်။

Westros ရဲ့ အိမ်ရှေ့မင်းသားဖြစ်နေတဲ့ ရေဂါတာဂေးရီးယန်းဟာ ပြည်သူတွေရဲ့ ချစ်ကြည်မှုလည်းရထားတဲ့အပြင် စာပေဗဟုသုတတွေနဲ့လည်း ပြည့်စုံသူပါ။ ဒါပေမဲ့ သူဟာ စတာ့ခ်အိမ်တော်ရဲ့သမီးဖြစ်တဲ့ လီယန်နာကို ခိုးပြေးသွားခဲ့တာကြောင့်
သမိုင်းမှာ ခုနှစ်ပြည်ထောင်ကို စစ်ဖြစ်စေခဲ့တဲ့မီးကိုမွှေးခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အားလုံးရဲ့အမြင်မှာတော့ လီယန်နာကို အလိုမတူဘဲ ရေဂါကဖမ်းဆီးသွားခဲ့တာဖြစ်ပေမဲ့ အမှန်တကယ်တမ်းကတော့ ရေဂါက လီယန်နာနဲ့ချစ်ကြိုက်ပြီး ခိုးပြေးသွားတာပါ။ တကယ်တမ်းလည်း သူတို့ တရားဝင်မင်္ဂလာဆောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ စစ်ပွဲမှာရေဂါ ကျဆုံးပြီးတော့ နဒ်တစ်ယောက် လီယန်နာဆီကိုရောက်တဲ့အချိန်မှာတော့ လီယန်နာက ကလေးမွေးရင်း သေသွားခဲ့ပါတယ်။

ဂျွန်စနိုးရဲ့အကြောင်းကိုကြည့်မယ်ဆိုရင် သူ့ဘဝဟာ မွေးစထဲကရှုပ်ထွေးတာကိုမြင်ရမှာပါ

မသေခင်မှာ နဒ်ကို ကတိစကားတောင်းခံခဲ့တယ်။ ကလေးသာ တာဂေးရီးယန်းမျိုးနွယ်ဆိုတာသိသွားရင် လုံးဝအလွတ်ပေးမှာမဟုတ်တဲ့ရောဘတ်ကြောင့် ဘယ်သူ့ကိုမှ ဂျွန်ရဲ့အကြောင်းကိုမပြောဖို့ နဒ်ကို ကတိတောင်းခဲ့ပါတယ်။ ဒါကြောင့် နဒ်က ညီမကိုပေးထားတဲ့ကတိအတိုင်း ကလေးကို မိမိဖောက်ပြန်လို့ရတဲ့ တရားမဝင်ကလေးဆိုပြီးတော့ပဲ သိက္ခာအထိပါးခံပြီးတော့ ထားခဲ့တာပါ။ ဂျွန်ရဲ့အမေကို ကတ်တလင်းအပါအဝင် လူတိုင်းအစ်အောက်မေးမြန်းခဲ့ပေမဲ့ နဒ်ကတော့ ရေရေရာရာ ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။

ဂျွန် ရထားတဲ့ရာထူးတွေ ခေါင်းဆောင်နေရာတွေက မျိုးရိုးအရှိန်အဝါနဲ့ရရှိခဲ့တာမဟုတ်ဘဲ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေကြောင့် ရထားခဲ့တာပါ

ဒီလိုနဲ့ ဂျွန်ဟာတရားမဝင်သားတစ်ယောက်အဖြစ် ကတ်တလင်းရဲ့မကြည်ဖြူမှုအောက်မှာ ကြီးပြင်းလာခဲ့ရတယ်။ ဒါက သူ့စရိုက်ကို ထောင်ထောင်ကြွားကြွားဖြစ်မသွားစေဘဲ နှိမ့်ချတတ်တဲ့စရိုက်ဖြစ်သွားစေပါတယ်။ မျိုးရိုးကြီးတဲ့ စတာ့ခ်အိမ်တော်ထဲမှာ ကြီးပြင်းလာရပေမဲ့ အပြင်လူတစ်ယောက်လိုမျိုး ဖြစ်နေတော့ သိပ်ပြီးအံမဝင်ခဲ့လို့ ညစောင့်တပ်မှာ အပြီးတာဝန်ထမ်းဆောင်ဖို့အတွက် ထွက်သွားခဲ့တာပါ။ ဒါပေမဲ့လည်း ညစောင့်တပ်ရှိရာ မြို့ရိုးဆီရောက်ချိန်မှာ အိမ်တော်ကြီးကဆင်းသက်လာပြီး ပညာတွေတတ် တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ ဂျွန်က ရာဇဝတ်ကောင်တွေကြားထဲမှာလည်း
အံမဝင်ခဲ့ပြန်ပါဘူး။ ဘယ်မှာမှအံမဝင်တဲ့ အပြင်လူတစ်ယောက်ဖြစ်လာတာကြောင့် ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်လာပြီး မှားတာတွေ့ရင် ငြိမ်ခံမနေတတ်တဲ့စရိုက်လည်း ပိုပေါ်လာခဲ့ပါတယ်။

ဘယ်မှာမှအံမဝင်တဲ့ အပြင်လူတစ်ယောက်ဖြစ်လာတာကြောင့် ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်လာပြီး မှားတာတွေ့ရင် ငြိမ်ခံမနေတတ်တဲ့စရိုက်လည်း ပိုပေါ်လာခဲ့ပါတယ်

မိသားစုဝင်တွေထဲက နဒ်နဲ့ ရော့ဘ်လိုပဲ ဂျွန်ဟာလည်း တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်လေ့ရှိသူတစ်ယောက်ပါ။ ဘယ်လိုအကြောင်းပဲရှိနေနေ သူသစ္စာဆိုထားတဲ့ ညစောင့်တပ်အပေါ်ပဲ သစ္စာစောင့်သိပါတယ်။ ညစောင့်တပ်ကိုစွန့်ခွာဖို့ ဂျွန် ကမ်းလှမ်းချက်တွေ၊ အခွင့်အလမ်းတွေ အကြိမ်ကြိမ်ရခဲ့ပေမဲ့ အချစ်နောက်လိုက်ပြီးလည်း
တာဝန်ဝတ္တရားကိုမဖောက်ဖျက်ခဲ့သလို၊ စတာ့ခ်သားတစ်ယောက် တရားဝင်ဖြစ်စေမယ့် ကမ်းလှမ်းချက်ကိုလည်း ငြင်းပယ်ပြီးတော့ ညစောင့်တပ်မှာပဲ ဆက်နေခဲ့ပါတယ်။

ဆန်ဆာရဲ့အကူအညီပေးမှုနဲ့ ရမ်ဆေးဘော်တွန်ကို Battle of Bastard ကိုအနိုင်ရပြီး မြောက်ပိုင်းမှာ ဘုရင်အဖြစ် တင်မြှောက်ခြင်းခံရပြန်ပါတယ်

ကျန်တဲ့မိသားစုဝင်တွေနဲ့မတူတာတော့ ဂျွန် ရထားတဲ့ရာထူးတွေ ခေါင်းဆောင်နေရာတွေက မျိုးရိုးအရှိန်အဝါနဲ့ရရှိခဲ့တာမဟုတ်ဘဲ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေကြောင့် ရထားခဲ့တာပါ။
Game of Thrones လို လူတိုင်း အာဏာကိုမက်မောပြီး နန်းလုပလ္လင်လုနေကြတဲ့အချိန်မှာ ဂျွန်က ဘုရင်ဘဝကိုမမက်တဲ့ တစ်ဦးတည်းသောခေါင်းဆောင်ပါ။ သူ့ရဲ့ရည်ရွယ်ချက်က Westro ကိုဘေးကင်းအောင်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ သူလုပ်သမျှ လုပ်ရပ်တိုင်းကလည်းသိက္ခာအတွက် အာဏာအတွက်မဟုတ်ဘဲ အားလုံးရှင်သန်ရေးအတွက်ပဲဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း အများအမြင်နဲ့မတိုက်ဆိုင်တော့ဘဲ လူရိုင်းတွေကို မြို့ရိုးထဲခေါ်သွင်းတဲ့အတွက် ပုန်ကန်မှုနဲ့ကြုံရပြီး အသက်ပေးခဲ့ရတယ်။

မီလီဆန်ဒရီရဲ့ အသက်ပြန်သွင်းပေးတာကိုခံရပြီး နောက်တစ်ကြိမ် ရှင်သန်ခွင့်ရခဲ့တာပါ

ကံကောင်းထောက်မလို့ မီလီဆန်ဒရီရဲ့ အသက်ပြန်သွင်းပေးတာကိုခံရပြီး နောက်တစ်ကြိမ် ရှင်သန်ခွင့်ရခဲ့တာပါ။ တစ်ခါသေပြီးသွားတဲ့နောက်မှာတော့ ဂျွန်က သူ့ရဲ့ညစောင့်တပ်တာဝန် ပြီးဆုံးသွားပြီလို့ မှတ်ယူလိုက်ပုံပါပဲ။ ဆန်ဆာ (Sansa) ရောက်လာတဲ့အခါမှာ စစ်တပ်ကိုစုစည်းပြီးတော့ ဝင်းတာဖဲလ်အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
ဆန်ဆာရဲ့အကူအညီပေးမှုနဲ့ ရမ်ဆေးဘော်တွန်ကို Battle of Bastard ကိုအနိုင်ရပြီး မြောက်ပိုင်းမှာ ဘုရင်အဖြစ် တင်မြှောက်ခြင်းခံရပြန်ပါတယ်။ ခုနောက်ဆုံး Season မှာတော့ White Walker တွေရဲ့အန္တရာယ်ကိုတားဖို့ Dragon glass ကိုရှာရင်း ဒနဲရိစ်နဲ့ ချစ်ကြိုက်နေခဲ့ပါပြီ။

White Walker တွေရဲ့အန္တရာယ်ကိုတားဖို့ Dragon glass ကိုရှာရင်း ဒနဲရိစ်နဲ့ ချစ်ကြိုက်နေခဲ့ပါပြီ

အားနည်းချက်က နဒ်လိုပဲ ရိုးဖြောင့်ပြီး အကောင်းလွန်နေတာဖြစ်တာကြောင့် တစ်ကြိမ်သေခဲ့ပြီးပါပြီ။ နောက်တစ်ကြိမ်သေသွားရင်လည်း ပြန်အသက်မသွင်းဖို့ သူ့ရဲ့ရဲဘော်တွေကို မှာကြားထားပါသေးတယ်။ ဒါကြောင့် ခုလာမယ့်နောက်ဆုံး Season မှာတော့ ဂျွန်ရဲ့ကံကြမ္မာ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ ဆက်ပြီးတော့စောင့်ကြည့်ရမှာပါ။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top