ပါဝါမျက်မှန် အသစ်လဲတိုင်း ခေါင်းမူးသလို ခံစားနေရပါသလား

yyl-034-4.jpg

သင်က အချိန်တိုင်း ပါဝါမျက်မှန်တပ်နေရတဲ့ သူတစ်ယောက်ဆိုရင် ပါဝါမျက်မှန် အသစ်တစ်စုံလဲတဲ့အခါ ဖြစ်တတ်တဲ့အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။ ပါဝါမျက်မှန် အဟောင်းလေးကို အသစ်နဲ့ လဲပစ်ဖို့ အချိန်ရောက်လာရင်တော့ မဖြစ်မနေလဲပစ်ရပါတယ်။ အဲဒီလို ပါဝါမျက်မှန်လဲလိုက်တဲ့အခါ ခေါင်းမူးသလို ခေါင်းကိုက်သလို ခံစားရပါလိမ့်မယ်။ ဘာလို့ အဲဒီလိုဖြစ်ရတာလဲ၊ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

မျက်စိဆရာဝန်ညွှန်ပေးတဲ့မျက်မှန်ကို ဝတ်ဆင်မယ်ဆိုရင် သင့်မျက်လုံးက အလင်းယိုင်တဲ့ပြဿနာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါက မျက်လုံးကြွက်သားတွေကို တစ်ခုခုအာရုံစိုက်တဲ့အခါ ပိုပြီးအားစိုက်ရစေပြီး ခက်ခဲစေပါတယ်။ အဝေးမှုန်ဆိုရင် မဝေးကအရာတွေကို ကောင်းကောင်းမမြင်ရတာ ဖြစ်နိုင်ပါတယ်။ အနီးမှုန်ဆိုရင်လည်း သင့်အနီးနားက အရာတွေကို ကြည့်ဖို့တောင် ခက်ခဲတာကို တွေ့ရမှာပါ။ ဒီပြဿနာတွေအပြင် မျက်လုံးနဲ့ ဆက်စပ်တဲ့ အခြားပြဿနာတွေရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မျက်လုံးတွေက အလင်းရောင်ကို မကြည့်နိုင်ဖြစ်ပြီး ပုံရိပ်တွေဝါးလာတာ မြင်ရမှာဖြစ်ပါတယ်။

မျက်မှန်ကို အချိန်အကြာကြီးဝတ်ဆင်တဲ့အခါမှာ မျက်လုံးကြွက်သားတွေက မျက်မှန်ပါဝါနဲ့ ညှိယူရပါတယ်။ ဒါကြောင့် မျက်မှန်အပြောင်းလဲလိုက်တဲ့အခါမှာ မျက်လုံးက ပါဝါမှန်အသစ်နဲ့ ညှိယူဖို့ အချိန်ယူရပါတယ်။ သင့်မျက်လုံးက ပြောင်းလဲမှုကို ချက်ချင်းညှိယူဖို့ မဖြစ်နိုင်ပါဘူး ပါဝါမှန် အပြောင်းအလဲဖြစ်သွားတဲ့ အချိန်တိုင်းဖြစ်တတ်ပါတယ်။ ခေါင်းမူးခေါင်းကိုက်တာအပြင် တချို့လူတွေက မျက်လုံးနာကျင်တာကိုတောင် ကြုံတွေ့ကြရပါတယ်။ ခေါင်းနည်းနည်းမူးတာ၊ ခေါင်းကိုက်တာ၊ မျက်လုံးထဲက နာကျင်တာတွေက သာမန်ပါပဲ။ ဒါပေမဲ့ တစ်ပတ်ထက်ပိုပြီးတော့ မဖြစ်သင့်ပါဘူး။ တစ်ပတ်ကျော်တဲ့အထိ အဲဒီလိုတွေဖြစ်နေဦးမယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

ပထမရက်အနည်းငယ်မှာတော့ သက်တောင့်သက်သာ မရှိဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်သင့်တာတော့ လုပ်ရမှာဖြစ်ပါတယ်။ မျက်မှန်အသစ်ကို မဖယ်ရှားဘူးဆိုရင် သင့်မျက်လုံးကြွက်သား တွေကို ပိုပြီးအန္တရာယ်ရှိစေပါလိမ့်မယ်။ မျက်မှန်အသစ်ကို တစ်နေ့လုံး ဝတ်နေမယ့်အစား (၃) နာရီ (၄) နာရီလောက် ဝတ်ပြီးရင် မျက်မှန်အဟောင်းကို ပြန်ဝတ်ပေးကြည့်ပါ။ တစ်ပတ်ကြာရင် သင့်မျက်လုံးက မျက်မှန်အသစ်နဲ့ အဆင်ပြေသွားမှာဖြစ်ပြီး တစ်နေ့လုံး ဝတ်ရတာလည်း လွယ်ကူသွားမှာဖြစ်ပါတယ်။

Ref: This is the reason why you get a headache everytime you wear new spectacles!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top