ဖက်တီးဘဝကနေ ဆုရကာယဗလမောင် ဖြစ်လာသူ

man.jpg

အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ Randy Meilbeck အမည်ရ အမေရိကန်မှ လူငယ်ဟာ ဖက်တီးဘဝကနေ ဆုရကာယဗလမောင် ဖြစ်လာပါတယ်။ သူဟာ လွန်ခဲ့တဲ့ သုံးနှစ်အထိ နှစ်အတော်ကြာ အစားများစွာ စားပါတယ်။ ဘယ်လောက်တောင် များသလဲဆို တစ်ရက်ကို ကယ်လိုရီ ၃၀၀၀ ကျော်တောင် စားသုံးခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ပေါင်ချိန်ဟာလည်း ၃၆၀ ကျော် ဖြစ်ခဲ့ပါတယ်။ ခါးဆိုက်ဟာလည်း ၅၆ လက်မ ကျော်ပါတယ်။ ဒါကြောင့်မို့ ဆရာဝန်ဟာ သူ့အနေနဲ့ အဲ့ဆို ဆက်နေရင် အသက်တိုမှာဖြစ်ကြောင်း ပြောတာကြောင့် အားကစားစလုပ်ပါတယ်။ အစားအသောက်စားတာကအစ ဆင်ခြင်ပြီးတော့ ကိုယ်ကာယလေ့ကျင့်တဲ့အခါ ယခုဆို ဘော်ဒီကို ပိုင်ဆိုင်လာပါတယ်။ အငယ်တန်း ကာယဗလကိုလည်း ဝင်ပြိုင်ခဲ့ပြီး ဆုရခဲ့ပါတယ်။ ပေါင်ချိန်ဟာလည်း ၁၇၀ ကျော်သာ ရှိတော့ပြီး ခါးဟာလည်း ၃၂ ပဲ ရှိပါတော့တယ်။ လက်ရှိမှာ ကိုယ်ကာယ အားကစားကို လေ့ကျင့် သင်ကြားပေးတဲ့ ဆရာလည်း ဖြစ်နေပါပြီ။

အင်မတန် ဝရာကနေ ပိန်တာ ဖြစ်တာကြောင့် အရေပြား တွဲကျနေတာမျိုးတော့ ဗိုက်တို့၊ ရင်အုံတို့မှာ ဖြစ်နေပါတယ်။ ဒါပေမယ့် သူဟာ လှပတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top