“ကံကောင်းအောင် လုပ်ယူလို့ ရပါတယ်။ ဘယ်လိုလဲ ဆိုတော့ …..“

injured-young-man-with-arm-support-QXAF5RS-e1564542388789.jpg

တစ်ခါက အင်္ဂလိပ်လူမျိုး စိတ်ပညာရှင် ရစ်ချတ် ဝိုက်စ်မန်း ဆိုတဲ့ လူဟာ ကံကောင်း ကံဆိုး အယူအဆနဲ့ ပတ်သက်ပြီး  ဆယ်နှစ်ကြာသုတေသန တစ်ခုလုပ်ခဲ့တယ်။ အဲဒီစိတ်ပညာရှင်က ကိုယ့်ကိုယ်ကို ကံအရမ်းကောင်းတယ်လို့ ယူဆထားတဲ့ လူတွေ၊ ကိုယ့်ကိုယ်ကို ကံမကောင်းဘူးလို့ တွေးထားတဲ့ သူတွေကို သူ့ဆီ ဆက်သွယ်လာဖို့ သတင်းစာထဲမှာ ကြော်ငြာထည့်ခဲ့ပါတယ်။ လူတန်းစား အလွှာစုံ နယ်ပယ်စုံက အယောက် (၄၀၀) လောက် သူ့ဆီ ဆက်သွယ်လာတယ်။

စိတ်ပညာရှင်က စမ်းသပ်မှု တစ်ခုအနေနဲ့ အဲဒီ လူတွေကို အမျိုးအစားတူ၊ ရက်စွဲတူ သတင်းစာ တစ်စောင်ပေးပြီး ဒီ သတင်းစာထဲမှာ ပုံ ဘယ်နှစ်ပုံ ပါသလဲ ဆိုတာ ရေကြည့်ခိုင်းတယ်။ ကံမကောင်းဘူးလို့  ကိုယ့်ကိုယ်ကို ထင်တဲ့ သူတွေဟာ နှစ်မိနစ်လောက် ကြာပြီးတဲ့ အခါမှာ ပုံ အရေအတွက်ကို ပြောပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကံကောင်းပါတယ်လို့ ဆိုသူများကတော့ စက္ကန့်ပိုင်းအတွင်း အဖြေမှန်ကို ပြောပြနိုင်ခဲ့ပါသတဲ့။ ဘာလို့ ဒီလို ဖြစ်ရတာလဲ၊ ဟိုလူတွေက တကယ်ပဲ ကံ ပိုကောင်းနေသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တကယ်တမ်းမှာတော့ အဲဒီ သတင်းစာတွေရဲ့ ဒုတိယ စာမျက်နှာမှာ “ဆက် မရေနဲ့တော့။ ဒီ သတင်းစာမှာ ပုံ စုစုပေါင်း ၄၁၃ ပုံ ပါတယ်“ လို့ ထင်သာမြင်သာတဲ့ စာလုံးအရွယ်အစားနဲ့ စာရေးထားခဲ့တာ ဖြစ်ပြီး ကံမကောင်းဘူးလို့ ယူဆတဲ့ သူတွေက ဒါကို မမြင်ခဲ့မိတာပါ။

ဖြစ်လာတယ်လို့ တွေးကြည့်လိုက်။ ဓားပြတစ်ယောက်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံဟာ ခင်ဗျား လက်မောင်းကို လာမှန်တယ်။ အဲဒါ ကံကောင်းတဲ့ အဖြစ်အပျက်လား ကံဆိုးတာလား။ အဲဒီ မေးခွန်းကို ကံဆိုးသူတွေက “ဟာ … ကံဆိုးတာပေါ့။ နေရင်းထိုင်ရင်း လက်ကို ကျည်ဆံလာမှန်တာ“ လို့ ဖြေပါတယ်။ ကံကောင်းသူတွေကတော့ “ကံကောင်းတာပေါ့ဗျာ။ လက်ကိုပဲ မှန်တာလေ… သေနိုင်တဲ့ နေရာတွေ မှန်သွားရင် ဒုက္ခ” လို့ ပြန်ဖြေတယ်။ ကံကောင်းသူတွေဆိုတာဟာ တကယ်တော့ အကောင်းမြင်သူတွေ ဖြစ်ပါတယ်။ အခြေအနေ ဆိုးဆိုးရွားရွားတစ်ခုခု ဖြစ်လာရင်တောင် ဒီထက် ပိုဆိုးသွားနိုင်တာကို တွေးပြီး စိတ်ကို ကြည်ရွှင်အောင် ထားနိုင်သူတွေပါ။

ကိုယ့်ကိုယ်ကို ကံကောင်းလာအောင်၊ စိတ်ပိုပျော်ရွှင်ကျေနပ်လာအောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ ဒါတွေကတော့

အခွင့်အလမ်းသစ်တွေ ရှာဖွေပါ

အခွင့်အလမ်းဆိုတာမျိုးက ရှာဖွေလေ၊ တွေ့ရှိလေပါပဲ။ ကိုယ့်ကို အမြင်ကျယ်စေမယ့် စာတွေ ဖတ်ပါ။ ပညာရပ်အသစ်တွေ လေ့လာဆည်းပူးပါ။ ပတ်ဝန်းကျင်ဆီက ကိုယ် ဘာတွေ သင်ယုနိုင်မလဲ တွေးပါ။

ကြည်မွေ့တဲ့ စိတ်ကလေး ဖန်တီးထားပါ

ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဝတ်စားနေထိုင်ပုံမျိုးတွေနဲ့ အေးချမ်းကြည်သာတဲ့ စိတ်ကလေးကို မွေးမြူထိန်းသိမ်းကြည့်ပါ။ ပူပင်သောကတွေ၊ အခက်အခဲတွေနဲ့ ကြုံလာပါစေဦး … ကျန်းမာကြည်လင်တဲ့ စိတ်ရှိနေရင် ရင်ဆိုင်ဖြေရှင်းရတာ ပို အဆင်ပြေပါတယ်။

အကောင်းမြင်ပါ

ကံကောင်းတဲ့ သူတွေဟာ အကောင်းတွေ ဖြစ်လာမယ်လို့ စိတ်ကူးနဲ့ ကြိုတွေးထားတတ်ပါတယ်။ ဒီလို တွေးလိုက်တိုင်း ကံကောင်းသွားတယ်လို့ မဟုတ်ပေမယ့် အဲဒီလို အကောင်းမြင်ထားခြင်းအားဖြင့် သူတို့ မှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိနေပါတယ်။ ရဲဝံ့တက်ကြွတဲ့ စိတ်ဟာ ကံကောင်းသူတွေရဲ့ လက္ခဏာပါ။

အဆိုးတွေကို အကောင်းဖြစ်အောင် ပြောင်းပစ်ပါ

အဖြစ်အပျက်ဆိုးတစ်ခု ဖြစ်လာရင် ဒီထက်ပို ဆိုးသွားနိုင်တာကို တွေးပြီး “ဒီလောက်မို့ တော်ပါသေးတယ်“ လို့ ဆင်ခြင်တာဟာ စိတ်သက်သာရာရစေပါတယ်။

Ref:  Curiousity: “Luck Is Predictable, Which Means You Can Make Yourself Luckier“

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top