အခုနှစ် ကမ္ဘာ့မြတ်ဆရာဆုကို ရွှေ့ပြောင်းဒုက္ခသည်တွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ရရှိ

19-11-2021yyl2.jpg

US teacher Keishia Thorpe reacts after winning the Global Teacher Prize 2021 at the UNESCO headquarters in Paris, on November 10, 2021. (Photo by BERTRAND GUAY / AFP) (Photo by BERTRAND GUAY/AFP via Getty Images)

ဂျမေကာနိုင်ငံမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းခဲ့ရတဲ့ ကိုင်ရှီအာ သော်ပီ (Keishia Thorpe) ဟာ ကောလိပ်တစ်ခုခုကနေ ဘွဲ့ရရှိလိမ့်မယ်လို့ ဘယ်တော့မှ မတွေးထားခဲ့မိတာပါ။ အခုတော့ မယ်ရီလန်းပြည်နယ်က အထက်တန်းကျောင်းရဲ့အင်္ဂလိပ်ဆရာမတစ်ဉီးဖြစ်နေပြီး၂၀၂၁ခုနှစ်ရဲ့ကမ္ဘာ့မြတ်ဆရာဆုကိုလည်း ရရှိခဲ့ပါပြီ။

မယ်ရီလန်းအထက်တန်းကျောင်းမှာ စာသင်ကြားပေးနေတဲ့ ကိုင်ရှီအာက ရွှေ့ပြောင်းဒုက္ခသည်ကျောင်းသား၊သူတွေကို ပညာသင်ကြားပေးနေတာပါ။ ဆုကြေးငွေ ဒေါ်လာ ၁ သန်း ချီးမြှင့်တဲ့ ကမ္ဘာ့မြတ်ဆရာဆုကို နိုင်ငံပေါင်း ၁၂၁ နိုင်ငံ က ကျောင်းဆရာ၊ဆရာမ (၈၀၀၀) ထဲကမှ ရွေးချယ်ပေးအပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဆုကို နိုဝင်ဘာ ၁၀ ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့တာပါ။

“ကျွန်မက အခြားနိုင်ငံကို ခိုလုံခဲ့တဲ့ ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းသား၊သူတွေရဲ့ဇာတ်ကြောင်းကို နားလည်တဲ့အတွက် ကျွန်မရဲ့ကျောင်းသား၊သူတွေအပေါ် အမြဲတမ်း မျှော်လင့်ချက်ကြီးကြီးမားမားထားတယ်။ ကျွန်မ သူတို့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားသလို သူတို့လည်း လုပ်ကြပါတယ်”လို့ ကိုင်ရှီအာက ပြောပါတယ်။

ကိုင်ရှီအာက သူ့ရဲ့ဖောင်ဒေးရှင်းကနေတဆင့် ကျောင်းသား၊သူရာချီကို ကောလိပ်ပညာသင်ဆုရရှိအောင် ကူညီပေးခဲ့ပြီးပါပြီ။ “စာသင်ခန်းထဲမှာပဲ စာသင်ကြားပေးရုံနဲ့မရပါဘူး။ သူတို့အတွက် နည်းပြကောင်း၊ လမ်းညွှန်ပြသသူကောင်းဖြစ်ပါစေ။ ဘေးကင်းလုံခြုံတဲ့နေရာဖြစ်ပါစေ”လို့ ကိုင်ရှီအာက ပြောပါတယ်။

ကျောင်းသား/သူတွေကို ပိုပြီး ကူညီပေးနိုင်ဖို့အတွက် ကမ္ဘာ့မြတ်ဆရာဆုကရရှိခဲ့တဲ့ ဆုကြေးငွေတွေကို အသုံးပြုသွားမှာဖြစ်ပြီး ဒီဆုက သူ့အတွက် အစပဲရှိပါသေးတယ်လို့ ကိုင်ရှီအာက ဆိုပါတယ်။

Ref: CBSNews “It’s just the beginning”: Maryland high school teacher wins $1 million award

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top