ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကမ္ဘာ့နိုင်ငံများ

malaysia.jpg

“ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံ (၄) နိုင်ငံ “ လို့ ပြောလိုက်ရင် စာဖတ်သူ အနေနဲ့ ဘယ်နိုင်ငံတွေ ဖြစ်မယ်လို့ ထင်မိသလဲ ။ ၂၀၁၇ ခုနှစ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးန်ိုင်ငံ (၄) နိုင်ငံဟာ စာဖတ်သူ စိတ်ထဲ ခန့်မှန်းတာနဲ့ တူချင်မှ တူမှာပါ။

၂၀၁၇ ခုနှစ် အတွက် ကျန်းမာရေး စောင့်ရှောက်မှု ၊ ဝန်ဆောင်မှု အကောင်းဆုံး နိုင်ငံ (၄) နိုင်ငံကို International Living website က စာရင်းပြုစုခဲ့ပါတယ်။ သန့်ရှင်းကောင်းမွန်တဲ့ ဆေးရုံတွေ၊ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်တွေနဲ့ ငွေကုန်ကြေးကျ (အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ) သက်သာမှု အပေါ် မူတည်ပြီး ရွေးချယ်ထားတာပါ။ အဲဒီ နိုင်ငံ (၄) နိုင်ငံကတော့

၁) မလေးရှား (Malaysia)

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ဆေးကုပေးတဲ့ medical tourism လုပ်ငန်းဟာ အကြီးအကျယ် တိုးတက်လာခဲ့ပါတယ်။ လေယာဉ်လက်မှတ်ခ၊ ဆေးကုသစရိတ်တွေ သက်သာတာရယ် ၊ နိုင်ငံခြား ( အမေရိကန်၊ ဩစတြေးလျ၊ UK ) တို့မှာ ဆေးပညာသင်ယုလာတဲ့ မလေးရှား ဆရာဝန်တွေ ရှိနေတာရယ်ကြောင့် အနောက်နိုင်ငံသားတွေလည်း မလေးရှားမှာ ဆေးကုသမှု လာရောက်ခံယူကြပါတယ်။

၂) ကော်စတာရီကာ (Costa Rica)

တစ်နှစ်ကို အမေရိကန် နိုင်ငံသား ၄၀,၀၀၀ ဦးလောက်ဟာ ကော်စတာရီကာ နိုင်ငံကို သွားပြီး ဆေးကုသမှု ခံယူနေကြပါတယ်။ ပြီးတော့ ကော်စတာရီကာ နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေရော ပြည်ပက လာရောက်ပြီး အလုပ်လုပ်ကိုင်ကြသူ (expat) တွေ အတွက်ပါ အစိုးရက ထောက်ပံ့ပေးထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေ ရှိနေပါတယ်။

၃) ကိုလမ်ဘီယာ (Colombia)


ကိုလမ်ဘီယာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က  ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မူ  အဆင့်သတ်မှတ်ချက်မှာ အမေရိကန်နဲ့ ကနေဒါထက်တောင် အဆင့်မြင့်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုစနစ်တွေက အရည်အသွေးမြင့်မားသလို ဝန်ဆောင်ခဈေးနှုန်းတွေကလည်း အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေထက် သက်သာပါတယ်။ အဲဒီ အပြင် ကိုလမ်ဘီယာမှာ လာရောက်လုပ်ကိုင်သူ နိုင်ငံခြားသားတွေအတွက် အသက် (၆၀) မကျော်သေးဘူးဆိုရင် ကိုလမ်ဘီယာ အစိုးရက ပေးတဲ့ ကျန်းမာရေးအာမခံကို လျှောက်ထားနိုင်သေးတယ်လို့ သိရပါတယ်။

၄) မက္ကဆီကို (Mexico)


အမေရိကန်နိုင်ငံက စရိတ်စကတွေနဲ့ နှိုင်းစာလိုက်ရင် မက္ကဆီကို နိုင်ငံမှာ ဆေးဝါးကုသတဲ့ ကုန်ကျစရိတ်ဟာ တစ်ဝက် ဝန်းကျင်ပဲ ရှိပါတယ်။ အလယ်အလတ်တန်းစား ရှိတဲ့ မြို့ငယ်လေးတွေမှာတောင် ဆေးရုံဆေးခန်းစနစ်တွေက ကောင်းမွန်ပြည့်စုံပြီး ဆရာဝန်တွေကလည်း အမေရိကန်၊ ကနေဒါနဲ့ ဥရောပ နိုင်ငံတွေမှာ ဆေးပညာသင်ကြားခဲ့သူတွေ များပါတယ် ။ ပြီးတော့ နောက်ဆုံးပေါ် နည်းပညာတွေ၊ ကုသမှု နည်းစနစ်တွေလည်း ပြည့်စုံပြီး အရည်အသွေ့းမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ရှိပါတယ်တဲ့။

Ref: Healthcare; “4 countries with the best health care in the world 2017 “

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top