ကာလရှည်တားမြစ်ထားခဲ့တဲ့ ဝေလငါးဖမ်းလုပ်ငန်းတွေကို ပြန်လုပ်ကိုင်သွားတော့မယ့် ဂျပန်နိုင်ငံ

og-crop-japan-whaling-gettyimages-842662572.jpg

ဂျပန်နိုင်ငံမှာ စီးပွားဖြစ်ဝေလငါးဖမ်းခြင်းကို ဆယ်စုနှစ်သုံးခုကြာ တားမြစ်ထားခဲ့ပေမယ့် (၂၀၁၉)ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ကစပြီး ဂျပန်ငါးဖမ်းသမားတွေဟာ ဝေလငါးဖမ်းယူခွင့်ကို ပြန်ရရှိသွားပါပြီ။ အခုလို အငြင်းပွားဖွယ် ခွင့်ပြုမိန့်ဟာ “အပြည်ပြည်ဆိုင်ရာဝေလငါးကော်မရှင်” (International Whaling Commission ) ကနေ တိုကျိုမြို့ နှုတ်ထွက်လိုက်ပြီးနောက်ပိုင်းမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

အခုခွင့်ပြုမိန့်ဟာ ဂျပန်နိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလှုပ်ရှားသူများနဲ့ ဝေလငါးဖမ်းဆီးသတ်ဖြတ်စားသုံးခြင်းကိုတားမြစ်ထားတဲ့နိုင်ငံတွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ရှိလာပေမဲ့လည်း ဝေလငါးဖမ်းယူစားသုံးမှုဟာ ရိုးရာဖြစ်တယ်လို့ခံယူထားတဲ့ ဂျပန်ဝေလငါးဖမ်းသူများအသိုင်းအဝိုင်းအတွက်တော့ မင်္ဂလာသတင်းဖြစ်သွားခဲ့ပါတယ်။

တိုကျိုကငါးဖမ်းသမားတွေက ““အပြည်ပြည်ဆိုင်ရာဝေလငါးကော်မရှင်” (IWC) အဖွဲ့ရဲ့ဥပဒေကဟာကွက်ကိုသုံးပြီး အန္တာတိကရေပြင်မှာ “သုတေသန” လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလိမ့်တစ်ပတ်လုပ်ပြီး ဝေလငါးတွေကို ခိုးယူဖမ်းဆီးနေခဲ့

ဂျပန်နိုင်ငံရဲ့သံတမန်ရေးအတွက် ဒီကိစ္စအတွက် ခေါင်းကိုက်စရာဖြစ်နေတာတော့ ကြာခဲ့ပါပြီ။ ဆယ်စုနှစ် သုံးခုကြာပိတ်ပင်ထားခဲ့စဉ်ကတည်းက တိုကျိုကငါးဖမ်းသမားတွေက ““အပြည်ပြည်ဆိုင်ရာဝေလငါးကော်မရှင်” (IWC) အဖွဲ့ရဲ့ဥပဒေကဟာကွက်ကိုသုံးပြီး အန္တာတိကရေပြင်မှာ “သုတေသန” လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလိမ့်တစ်ပတ်လုပ်ပြီး ဝေလငါးတွေကို ခိုးယူဖမ်းဆီးနေခဲ့တာပါ။

ဝေလငါးဖမ်းယူစားသုံးမှုဟာ ရိုးရာဖြစ်တယ်လို့ခံယူထားတဲ့ ဂျပန်ဝေလငါးဖမ်းသူများအသိုင်းအဝိုင်းအတွက်တော့ မင်္ဂလာသတင်းဖြစ်သွားခဲ့

ခိုးယူဖမ်းဆီးမှုတွေကို နိုင်ငံတကာကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတာကြောင့် ဂျပန်နိုင်ငံဟာ (၂၀၁၈) ခုနှစ်မှာတော့ “အပြည်ပြည်ဆိုင်ရာဝေလငါးကော်မရှင်” အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။ (1.7.2019) မှာတော့ ဂျပန်ဝေလငါးဖမ်းရေယာဉ်တွေဟာ ဂျပန်နိုင်ငံရဲ့နေရာအသီးသီးက ဆိပ်ကမ်းတွေကနေ စတင်ထွက်ခွာကြမှာ ဖြစ်ပါတယ်။ လင်းပိုင်တွေကိုဖမ်းယူသတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ တိုင်အီဂျီ (Taiji) မြို့အပါအဝင် မြို့အသီးသီးက ဝေလငါးဖမ်းရေယာဉ်ငယ်တွေဟာလည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းကနေထွက်ခွာဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။

မြို့အသီးသီးက ဝေလငါးဖမ်းရေယာဉ်ငယ်တွေဟာလည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းကနေထွက်ခွာဖို့ ပြင်ဆင်နေခဲ့ကြပါတယ်

ဂျပန်နိုင်ငံဟာ ရာစုနှစ်များစွာကြာအောင် ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ်နေခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးကာလ တိုင်းပြည်အလွန်အမင်းဆင်းရဲနေချိန်မှာလည်း ဂျပန်နိုင်ငံသားတွေက ဝေလငါးအသားကို အဓိကအသား ဓာတ်(ပရိုတိန်း) အဖြစ်စားသုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဆယ်စုနှစ်တွေအတွင်းမှတော့ ဝေလငါးစားသုံးမှုသိသိသာသာလျော့ကျလာခဲ့ပြီး တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကလည်း အခုလို ဖမ်းဆီးသတ်ဖြတ် စားသုံးမှုကိုရပ်တန့်ဖို့တိုက်တွန်းနေခဲ့ကြပါတယ်။

တိုင်းပြည်အလွန်အမင်းဆင်းရဲနေချိန်မှာလည်း ဂျပန်နိုင်ငံသားတွေက ဝေလငါးအသားကို အဓိကအသား ဓာတ်(ပရိုတိန်း) အဖြစ်စားသုံးခဲ့

IWC အဖွဲ့ကနေ တိုကျိုနှုတ်ထွက်လိုက်တာနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အကောင်းဘက်ကကြည့်ရင် ဂျပန်ရဲ့ဝေလငါးဖမ်းဆီးမှုကို အဆုံးသတ်နိုင်ရေးလမ်းစြ ဖစ်လာနိုင်တယ်လို့လည်းတွေးနိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များအတွက်ရန်ပုံငွေအဖွဲ့ (International Fund for Animal Welfare) က အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာဒါရိုက်တာ ပတ်ထရစ်(Patrick Ramage) ကတော့ “ဂျပန်က အပြည်ပြည်ဆိုင်ရာရေပိုင်နက်မှာ ဝေလငါးဖမ်းဆီးမှုကိုလျှော့ချလာတာ ကျွန်တော်တို့တွေ့ရပါတယ်။ ဒါဟာ ဝေလငါးကို အသားစားဖို့နဲ့ တခြား ထုတ်ကုန်အတွက် ဖမ်းယူသတ်ဖြတ်တဲ့အဆင့်မျိုးတွေကနေ တော်တော်တိုးတက်လာခဲ့တာလို့ပြောရမှာပါ။ ဝေလငါးစားသုံးမှုလျှော့ကျလာမှုတွေအပြင် ဝေလငါးဖမ်းဆီးမှုကို ထောက်ပံ့ပေးတဲ့ ရန်ပုံငွေတွေလျော့ကျလာမှုကြောင့် ဂျပန်ဝေလငါးဈေးကွက်ဟာ အနာဂတ်မှာ ပိုအားလျော့လာဖွယ်ရှိပါတယ်။ ကျွန်တော်တို့အခုမြင်နေရတာက ဒီကိစ္စတွေအားလုံးကို အဆုံးသတ်ဖို့ အစပျိုးမှုလို့ယုံကြည်ပါတယ်” လို့ပြောခဲ့ပါတယ်။

Ref: Channel newsasia “Japan to resume commercial whaling after decades-long ban”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top